ငှက်တွေက ပျံရင်းသေတယ်
လူတွေက ကြံရင်း သေတယ်
ဒါဆို . . .
စောင့်မျှော်ရင်း သေချင်တဲ့ငါက
နတ်သားလား ခွေးလား
မင်းက လရောင်လေ
ငါက မင်းကို မော့ငေးပြီး
သံရှည်ဆွဲအူနေရုံ
ကန်းနေသော အနာဂတ်ထဲ
ဘာမှမမြင်သူဟာ တိုး၀င်နေပါတယ်
လက်ဘက်ရည်ခွက်ထဲ
ယင်ကောင်လိုသာ
ကျသေလိုက်ချင်တော့တယ်
#ကိုသျှား
.jpg)
4 Comments
တကယ် တကယ်💔
ReplyDeleteDone 🍀
ReplyDeleteကန်းနေသော အနာဂတ်ထဲ
ReplyDeleteဘာမှမမြင်သူဟာ တိုး၀င်နေပါတယ်
လက်ဘက်ရည်ခွက်ထဲ
ယင်ကောင်လိုသာ
ကျသေလိုက်ချင်တော့တယ်
#ကိုသျှား
စောင့်မျှော်ရင်းးး
ReplyDelete