လက်နဲ့ရေးတဲ့ကဗျာ
ဦးပုညရဲ့ လက်
ဦးနုရဲ့ လက်
မောင်သင်းခိုင်ရဲ့ လက်
လှသန်းရဲ့ လက်
လက်များရဲ့ လှပတဲ့အလက်ာ
ဘဝစာမျက်နှာသစ်
ငါ ချစ်တယ် ။
လက်ချည်းလာ လက်ချည်းဗလာ
ပြန်သွားကြသူတွေ ။
လက်ဆိုတာ
လက်ဆွဲနှုတ်ဆက်ဖို
လက်တိုခေါ်ဆောင်ဖို
ကုန်ထုတ်မှုတိုက်ပွဲဝင်ဖို
ကုန္ကုန္ဆိုပါစို
ချစ်သူလက်နွေးနွေးလေးကို
ဆုပ်ကိုင်နိုင်ဖို ။
လက်ဆိုတာ
မိန်းမထဘီရုတ်ဖို မဟုတ်
လက်ညှိးငေါက်ငေါက်ထိုးဖို မဟုတ်
လက်ညှိးကွေးဖို မဟုတ် ။
လက်ဆိုတာ
ငါးမျှားဖိုသက်သက် ပါတာမဟုတ်
ဘုရားရှိခိုးပူဇော်ဖို
လက်ဆိုတာ
လူတွေ မျက်ရည်သုတ်ဖို
လက်ဆိုတာ
လူတွေ ပေးကမ်းစွန့်ကြဲဖို ။
လက်ဆိုတာ
ကဏန်းတွင်းနှိက်ဖို မဟုတ်
လက်ဆိုတာ
ရွှေတွင်းတူးဖို မဟုတ်
လက်ဆိုတာ
သိုက်တူးဖို မဟုတ်
လက်ဆိုတာ
ပေသီးတွက်ဖို မဟုတ်
လက်ဆိုတာ
ဖုန်းနှိပ်ဖို မဟုတ်
လက်ဆိုတာ
လက်ဝါးဖြန့်ဖို မဟုတ်
အေး. . .
လက်သီးဆုပ်ဖိုလည်း မဟုတ် ။
စစ်ကြေညာဖိုလက်မှတ်ထိုးတာလည်း
ဒီလက်ပဲ
ငြိမ်းချမ်းရေးဆွေးနွေးလက်မှတ်ထိုးတာလည်း
ဒီလက်ပဲ
ချစ်သူတွေလက်မှတ်ထိုးလက်ထပ်တာလည်း
ဒီလက်ပဲ
လင်မယားတွေ လင်ခန်းမယားခန်း
ကွာရှင်းပြတ်စဲလက်မှတ်ထိုးတာလည်း
ဒီလက်ပဲ ။
ဂုဏ်တော်ကိုးပါး ပုတီးစိပ်တာ
ဒီလက်ပဲ
အဏုမြူဗုံးကြဲတာလည်း
ဒီလက်ပဲ
မိတ်ဆွေတွေ့ရင် လက်ပြနှုတ်ဆက်တာလည်း
ဒီလက်ပဲ
ရန်သူနဲ့တွေ့ရင် စီးချင်းထိုးတာလည်း
ဒီလက်ပဲ ။
ဘယ်လက်က ဆန်တစ်ဆုပ်ကြဲရင်
ညာဘက်က ဆန်လှည်းတစ်စီးဝင်တာလည်း
ဒီလက်ပဲ
မီးစတစ်ဖက်ရေမှုတ်တစ်ခွက်ကိုင်တာလည်း
ဒီလက်ပဲ ။
ပေးကမ်းတာလည်း
ဒီလက်
လုယူတာလည်း
ဒီလက်ပဲ ။
လက်ညှိးညွှန်ရာ ရေဖြစ်တဲ့
အလောင်းစည်သူ လက်ကို
မလိုချင်ပါဘူး ။
ပြည်သူတွေကို
ဘယ်လက်က မျက်ရည်သုတ်ဖို
ညာလက်က စွန့်ကြဲပေးကမ်းတဲ့
အနော်ရထာမင်းရဲ့ လက်ကိုပဲ လိုချင်တယ် ။ ။
-အောင်ဘညို
.jpg)
19 Comments
လက်❤️
ReplyDeleteAppreciate.
Delete🤍
ReplyDeleteDone 🍀
ReplyDeleteDone 🍀
DeleteDone 🍀
Delete🤲🏻
ReplyDelete😇😇😇😇😇😇
ReplyDeleteလက်နဲ့ရေးတဲ့ကဗျာ💛💜
ReplyDelete💛
DeleteHappy Birthday
Deleteဖြိုးဝေလင်း
62524
DeleteWheel............dope.🏹🏹🏹
ReplyDeleteFighting
ReplyDeleteပညာ
ReplyDeleteAppreciate.
ReplyDeleteလက်နဲ့ရေးတဲ့ကဗျာ
ReplyDeleteမိတ်ဆွေတွေ့ရင် လက်ပြနှုတ်ဆက်တာလည်း
ဒီလက်ပဲ
ရန်သူနဲ့တွေ့ရင် စီးချင်းထိုးတာလည်း
ဒီလက်ပဲ ။
ဘယ်လက်ကနေ ညာလက်ကိုလှမ်းမေးတယ် အဆင် ေပြရဲ့လား တဲ့
ReplyDeleteညာလက်ကနေ ဘယ်လက်ကို လှမ်းတို့လိုက်တယ်
အေးဆေးပါကွာ တဲ့
🤜🤛🤝🤝
ReplyDelete