နှလုံးသား ကဖေး 

~~~~~~~~~~~


လူ့အလိုကို နတ်မလိုက်နိုင်ပေမဲ့

ငါ့အလိုအတွက် နတ်တွေမလိုဘူး


လက်ခုပ်ဟာနှစ်ဖက်တီးမှမြည်တယ်

တို့နှစ်ယောက် ချစ်ခဲ့ကြတယ်


လူချစ်လူခင်ဘယ်လောက်များများ

သူတို့အချစ်နဲ့မတူနိုင်တဲ့အချစ်ကို

တစ်ယောက်စီက တစ်ယောက်ရခဲ့တယ်


လူမုန်းဘယ်လောက်ခံရခံရ

မင်းမုန်းသွားမှာပဲ ငါကြောက်မိတယ်


ဥပမာပေးရရင်

အမွှာပူးကလေးတွေဟာ မိခင်ဝမ်းကကျွတ်ပြီးတာနဲ့

တစ်ယောက်စီဖြစ်သွားကြပေမဲ့

ငါနဲ့မင်းက

ကိုယ်ထည်တစ်ခုထဲမှာ တစ်ယောက်တစ်ခြမ်း

လွမ်းရတာနဲ့တောင် ပျော်တယ်


ဘယ်သူပဲဖြစ်ဖြစ်

စာရွက်အဖြူလေးပေါ် မင်အနက်လေးနဲ့

စိတ်ထဲကပဲချရေးကြည့်လိုက်

အချစ်ဆိုတဲ့ စကားလုံးကိုပေါ့


ချစ်ခြင်းကိုရခဲ့တာပါ

ချစ်ခြင်းနဲ့ဖြေခဲ့တာမဟုတ်ဘူး

အချစ်နဲ့စစ်မှာ ဘာမှမတရားတာမလုပ်ဘူး

ကိုယ်တို့က တရားပြီးသား။


 - အောင်ခိုင်မြတ်