မင်းမရှိတော့ရင်

နောက်တစ်ယောက်ထားမယ်

အရက်ပြန်သောက်မယ်

ဘော်ဒါတွေနဲ့ ပျော်ပါးမယ်

ကြာရင် အဆင်ပြေသွားမယ်လို့ 

ငါ ထင်ခဲ့တယ်

အခုတော့

အခြားမိန်းမတစ်ယောက်နဲ့

စကားစမြည်ပြောတာတောင် အဆင်မပြေ

မင်း အကြောင်းထည့်ထည့်ပြောမိ

မင်းအကောင့်လေး စိမ်းလာမလား ကြည့်ကြည့်နေမိ

အပျော်တွေဟာ ခဏပဲ

အရက်သောက်လည်း 

မူးလာရင် မင်းတစ်ယောက်တည်းကိုပဲ

သတိရနေပြီး ပိုခံစားရတာပဲ

မျက်ရည်တွေကျဖို့ ပိုလွယ်သွားရုံပဲ

ဘော်ဒါတွေနဲ့လည်း လိုင်းမမိ 

သူတို့ပြောနေတဲ့အကြောင်းတွေဟာ

ဘာအဓိပ္ပါယ်မှ မရှိသလို ခံစားရ

အမှန်တကယ် သူတို့က ပုံမှန်ဖြတ်သန်းရင်း

အဓိပ္ပါယ်ရှိနေကြတယ်ဆိုတာ ငါသိပါတယ်

ငါသာ အဓိပ္ပါယ်မဲ့နေတာ

ငါ တကယ်အဆင်မပြေဘူး

ငါ တကယ်အဆင်မပြေဖြစ်နေတာကို

နင် မသိဘူး။


-လင်းမာအို