ဘဝမှာ မင်းရှိခဲ့ဖူးကြောင်း အထောက်အထားဆိုလို့
ပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။ငါတို့က တစ်သက်လုံးအတူရှိလို့ရပါတယ်။ဒါပေမယ့် အတူရှိနေရင်တောင် အတူဖြစ်နေတော့မှာ
မဟုတ်ဘူး။မီးရထားသံလမ်းတွေကိုတွေ့တိုင်း ငါဒါကိုပိုပိုနားလည်လာခဲ့တယ်။ဝေးကွာတယ်ဆိုတဲ့ စကားလုံးနဲ့တောင် ပုံဖော်လို့မရတဲ့ မနီးစပ်ခြင်းမျိုးကို ငါတို့ရရှိခဲ့ကြပါတယ်။
နောက်တော့လည်း တွေ့ဆုံခြင်းဆိုတာဟာ အာကာသထဲက ဥက္ကာခဲအချင်းချင်း တိုက်မိတဲ့ အခိုက်အတန့်တွေလိုမျိုးပဲလို့ ခံစားမိလာတယ်။
ကမ္ဘာက အကျယ်ကြီး။ ငါတို့တွေ့ဖို့အတွက်
အခွင့်အရေးက အများကြီးမရှိ။ဒါပေမယ့်ငါတို့တွေ့ခဲ့ကြတယ်။တစ်နည်းအားဖြင့် ငါတို့တိုက်မိခဲ့ကြတယ်။ပြီးတော့ အပွန်းအပဲ့ကိုယ်စီနဲ့ ကိုယ့်လမ်းကို
ဆက်လက်ထွက်ခွာခဲ့ကြတယ်ပေါ့။
မျက်လုံးမှိတ်လိုက်တိုင်း မိုးတွေရွာနေတယ်
ငါ့လက်နှစ်ဖက်မှာ နှင်းတွေခဲနေတယ်
ငါတို့ဘယ်တော့မှ စကားမပြောဖြစ်ကြတော့ဘူး ။
- ဆပ်ရိပ်
.jpg)
8 Comments
Done 🍀
ReplyDelete😔
ReplyDelete😇😇😇😇😇
ReplyDelete💔
ReplyDeleteလွမ်းလိုက်တ
ReplyDeleteတွေ့ဆုံခြင်း
ReplyDeleteဝေးကွာခြင်း ...
ဟူးးး
Appreciate.
ReplyDeleteဘဝမှာ မင်းရှိခဲ့ဖူးကြောင်း အထောက်အထားဆိုလို့
ReplyDeleteပုံပျက်ပန်းပျက်ဖြစ်သွားတဲ့ငါကိုယ်တိုင်ပဲ ကျန်တော့တယ်။