မန္တလေးတစ်ပြ
မန္တလေးဟာ
မန္တလေးရမ်ပဲသောက်တယ်
ဘယ်မြိုသူကမှ
သူ့ကိုယ်သူ ရွှေမြိုသူလိုသိပ်မခေါ်ဘူး
မန္တလေးသူက
သူ့ကိုယ်သူ ရွှေမန်းသူလိုခေါ်တယ်
မြန်မာဘုရင်စနစ်ဟာ
မန္တလေးမှာ ဇာတ်သိမ်းသွားခဲ့တယ်
လူထုသတင်းစာတွေထုတ်ခဲ့တာ
လူထုဒေါ်အမာပေါ့
မြိုမတီးဝိုင်းအတွက်သီချင်းတွေရေးပေးခဲ့တာ
မြိုမငြိမ်းပေါ့
နန်းတော်ရှေ့မှာနေခဲ့တာ
နန်းတော်ရှေ့ဆရာတင်ပေါ့
မန္တလေးဟာ
နန်းတော်ရှေ့မှာ လူထုသတင်းစာကိုဖတ်ရင်း
မြိုမငြိမ်းသီချင်းကိုညည်းနေတယ်
လမ်းတွေကလည်းအကျယ်ကြီး
အလွမ်းတွေကလည်းအကျယ်ကြီး
မန္တလေးဟာ
စက်ဘီးလေးစီးလို
မြစ်ကြီး စီးလို။
#အောင်ခိုင်မြတ်
.jpg)
5 Comments
မန္တလေးဟာ...
ReplyDeleteMDY
ReplyDelete💛💜
ReplyDeleteAppreciate.
ReplyDeleteDone
ReplyDelete