20-Second Timer
Time remaining: 20

 


ဒုက္ကရစရိယာ 


ကိုယ်ဆွဲတဲ့ဖဲ

အထီးမှန်း အမမှန်းမသိလို။


ကိုယ်လျှောက်တဲ့လမ်း

အမှားတစ်ရာဖြစ်နေလို။


ကိုယ်ခင်းတဲ့ဇာတ်

ကိုယ့်ပေါင်ပဲ အထောင်းခံခံနေရလို။


အချစ်ကိုမနိုင်လို

ကျီကိုမီးနဲ့ ရှိမိတယ်။


ခုထိ 

မီးကမငြိမ်းသေးဘူး။


- အန်နိုလာ