မန္တလေးတစ်ပြ
မန္တလေးဟာ
မန္တလေးရမ်ပဲသောက်တယ်
ဘယ်မြို့သူကမှ
သူ့ကိုယ်သူ ရွှေမြို့သူလို့သိပ်မခေါ်ဘူး
မန္တလေးသူက
သူ့ကိုယ်သူ ရွှေမန်းသူလို့ခေါ်တယ်
မြန်မာဘုရင်စနစ်ဟာ
မန္တလေးမှာ ဇာတ်သိမ်းသွားခဲ့တယ်
လူထုသတင်းစာတွေထုတ်ခဲ့တာ
လူထုဒေါ်အမာပေါ့
မြို့မတီးဝိုင်းအတွက်သီချင်းတွေရေးပေးခဲ့တာ
မြို့မငြိမ်းပေါ့
နန်းတော်ရှေ့မှာနေခဲ့တာ
နန်းတော်ရှေ့ဆရာတင်ပေါ့
မန္တလေးဟာ
နန်းတော်ရှေ့မှာ လူထုသတင်းစာကိုဖတ်ရင်း
မြို့မငြိမ်းသီချင်းကိုညည်းနေတယ်
လမ်းတွေကလည်းအကျယ်ကြီး
အလွမ်းတွေကလည်းအကျယ်ကြီး
မန္တလေးဟာ
စက်ဘီးလေးစီးလို့
မြစ်ကြီး စီးလို့။
-အောင်ခိုင်မြတ်
.jpg)
7 Comments
Fighting
ReplyDeleteGood poem
Done 🍀
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteအလွမ်းတွေကလည်းအကျယ်ကြီး
ReplyDelete❤
ReplyDelete😇😇😇😇😇😇
ReplyDeleteAppreciate.
ReplyDelete