20-Second Timer
Time remaining: 20

 


သိကြားသာသနာ


ငါတိုရဲ့သိကြားသာသနာမှာ.. 

     

  ကြမ်းပိုးက လိပ်ဖြစ်လို

  ဖွတ်က မိကျောင်းဖြစ်လို 

  မုသားစကားတွေက ရွှေရောင်ထလို

  လျှပ်ပေါ်လော်လီတွေက ရောင်းကောင်းလို

  လူလိမ်က ပညာရှိယောင်ဆောင်လို

  မြေခွေးက ဥပုသ်ရက်ရှည်စောင့်လို

  ဓားပြက လမ်းဆုံလမ်းခွမှာ စတုဒီသာကျွေးလို

  သားသတ်သမားက ဘုရားတည်လို


သြော် ...


ငါတိုရဲ့ သိကြားသာသနာမှာ..။


-အောင်ဘညို