ဆောင်းလေ
-----------
အလွမ်းဟာ စစ်ကျန်ဗုံးသီးကြီးတစ်လုံးလို
ဘယ်အချိန်ပေါက်ကွဲရမှန်းမသိတဲ့အပြင်
ပေါက်ကွဲခွင့်ရဦးမလားတောင် မသေချာဘူး။
ပင်ပန်းဆင်းရဲမှုတွေကြားမှာ
ချစ်သူရဲ့စကားသံ၊ အနမ်းအထိအတွေ့...
မောင်းထုတ်ရခက်ဖူးတယ်
စစ်ရေးပြအကွက်ထဲမှာ မင်းအကွက်တွေ။
ဒီတော်လှန်ရေးထဲမှာ
ပြန်မဆုံနိုင်တော့တဲ့ချစ်သူတွေကို အားနာ
သတိရခြင်းတွေကို ချိုးနှိမ်ထားလိုက်ပါတယ်။
ဆောင်းလေတိုးသံလား လေယာဥ်သံလား
သေချာအောင်နားစွင့်နေရတဲ့ကင်းသမားဟာ
ဗမာပြည်လွတ်လပ်ရေးရတဲ့အခါ
မွေးရပ်အညာမှာ ပြန်နေချင်တဲ့အကြောင်း
အမေ့ဆီတော့ သတင်းစကားပါးချင်ပါရဲ့။ ။
- မောင်ဆောင်းခ
.jpg)
5 Comments
ဘေးကင်းရန်ကွာ အောင်ကြောင်းဖြာ
ReplyDeleteAppreciate.
ReplyDeletefighting clickers💛
ReplyDeleteအလွမ်းဟာ စစ်ကျန်ဗုံးသီးကြီးတစ်လုံးလို ဘယ်အချိန်ပေါက်ကွဲရမှန်းမသိတဲ့အပြင် ပေါက်ကွဲခွင့်ရဦးမလားတောင် မသေချာဘူး။
ReplyDelete❤️
ReplyDelete