ဒီဟာသ - ၂
~~~
အားမရသေးတဲ့ အခါ ဒီဟာသက သူ့ကိုယ်သူ အစိတ်စိတ်ခွဲပစ်တယ်။ ဒီလိုနဲ့ ကျနော်တို တစ်ယောက်ဆီမှာ ဆောင်းရာသီ ရောက်တိုင်း အဆစ်မြစ်တွေ ကိုက်လာတဲ့ အနာ၊ နောက်တစ်ယောက်ဆီမှာ တိုင်တွေကို ခေါင်းနဲ့ ဆောင့်ဆောင့်ပစ်တဲ့ အလေ့အထတစ်ခုနဲ့ နောက်တစ်ယောက်ဆီမှာ သွန်ပစ်လိုက်တိုင်း မြေပေါ် ဘယ်တုန်းကမှ မကျသွားတဲ့ အရက်တစ်ခွက်ဖြစ်လာတယ်။အဲဒါ ကျနော့် သူငယ်ချင်း ကျန်ခဲ့တဲ့ ဟာသပဲ။ ချန်ခဲ့တယ် ပြောရင် ပို မှန်လိမ့်မယ်။ အဝေးကြီးကို သွားရမှာမို လေးလံတဲ့ အရာတွေကို ချန်ထားရတဲ့ အခါ၊ အဲဒီလို ပစ္စည်းတွေ အများကြီးထဲမှာ ဒီ ဟာသလည်း ပါလာခဲ့တယ်။ မင်းတို အေးဆေးပဲလား ၊ နေရာပေါင်းစုံကနေ အသံပေါင်းစုံနဲ့ ဟာသက မေးတယ်။ ကျနော်တို ပြန်မဖြေကြဘူး။ မင်းတို ကြားတာ ငါ သိပါတယ်။ ကြိုမတိုင်ပင်ထားပေမယ့်
ဘယ်သူမှ သူ့ကို စ အဖက်မလုပ်ခြင်းအားဖြင့် ဒီဟာသဟာ အလိုလို မှေးမှိန်သွားမယ်လို အားလုံးက မရဲတရဲနဲ့ မျှော်လင့်ထားကြတဲ့ အတိုင်းပဲ။
ကျနော်တို ဒီဟာသကို စိတ်ပျက်နေကြပြီ။
ကျနော်တို သူငယ်ချင်းကိုပဲ ပြန်လာစေချင်နေကြပြီ။
#ဏေသစ်
(၂၀၊ ၁၀၊ ၂၀၂၂)
.jpg)
5 Comments
😔
ReplyDeleteDone 🍀
ReplyDelete🤍
ReplyDeleteFighting
ReplyDelete😇😇😇😇😇
ReplyDelete