အသက်မရှိတော့မှန်း သိပေမဲ့
မရိပ်မိအောင် စောင့်စည်းနိုင်ခဲ့ကြ
ငါတို့ညနေခင်းတွေ။
တစ်ယောက်ပေါ်တစ်ယောက်မှိုင်းညို့ခဲ့မှုတွေ
တစ်ယောက်ပေါ်တစ်ယောက်အုံ့ဆိုင်းခဲ့မှုတွေ
ဝေးမှာသေချာတော့မှ
ရင်ဟာတစ်ဖျတ်ဖျတ်ခုန်လာတယ်။
မင်းကကျောပိုးအိတ်လေးလွယ်လို့
ငါက ငါ့မျက်ရည် ငါလွယ်လို့
တစ်ယောက်နဲ့ တစ်ယောက်
မိသွားမှာလည်း စိုးရိမ်ရ
လွတ်သွားမှာလည်း စိုးရိမ်နေရ။
မင်းရဲ့လက်ရေးဝိုင်းဝိုင်းလေးကအစ
မင်းရဲ့ ကျောပြင်လေးကအစ
မင်းရဲ့ လူသားချင်းစာနာစိတ်ကအစ
အစစအရာရာ ပြာကျပစ်လို့ ဖြစ်ပါ့မလား။
ခုတော့
မြေကြီးနဲ့လေယာဉ်ပျံလို
ငါတို့ ဝေးခဲ့ကြပြီ။
ညီမလေး
အောင်မြင်တဲ့ဘောလုံးအသင်းတစ်သင်းလို
ကွင်းလယ်ကိုစီးမိုးပြီး
ကိုယ့်နေ့ရက်ကိုယ်ဆန်တက်ပါညီမလေး။
ငါတို့ဟာ
ကွဲကြေနေတဲ့မှန်သားတွေဖြစ်ခဲ့ရင်တောင်
ငါတို့ရဲ့ အစအန တွေ
ဘယ်အရာကိုမှမဖိတ်စင်အောင်
နေတတ်ရမယ်
ဒါမှ
ညီမလေးမြို့ပြ။
- အောင်ခိုင်မြတ်
.jpg)
6 Comments
Fighting
ReplyDeleteI like this poem.
Done 🍀
ReplyDeleteခုတော့
ReplyDeleteမြေကြီးနဲ့လေယာဉ်ပျံလို
ငါတို့ ဝေးခဲ့ကြပြီ။
😔💔
ReplyDelete😇😇😇😇😇😇
ReplyDeleteAppreciate.
ReplyDelete