တယောက်တည်း ဘယ်လို မြို့ 


ခင်ဗျား ဘဝမှာ 

'ဒီဖီးလ်က ဘာနဲ့မှမတူဘူး 'လို ဘယ်နှခါပြောဖူးလဲ ။ 


ဝက်ဂုတ်သားကင် ကို စားနေတဲ့အခိုက်တော့

ရေမြောင်းထဲမှာ ပုတ်နေတဲ့ 

ကလေးအလောင်းကို မေ့နေမှာပဲ

သေတဲ့သူဟာ ရှင်သွားပြီး 

ရှင်တဲ့သူတွေသာ သေကျန်ခဲ့ရမှာပဲ 

ဘလူးတု ဟာ တ  ယောက်ထဲ

ကားမောင်းနေတဲ့ လူကို စောက်ရူးဖြစ်စေတာပဲ

လူ့ဘဝအပြင် ငရဲရှိသေးတယ် ဆိုတာကို 

ငါအံ့သြတယ် 

လုံလောက်နေပြီပဲဟာ ။


ငါ့အပူရဲ့ အဟုန်ကို ဘယ်သူ့မှ မျှမပေးနိုင်ဘူး

နာကျင်မှုဟာ ပျော်ဖိုကောင်းမှန်း

ဘယ်သူ့ကိုမှ ပေးမသိဘူး

ငါ့ကို နေထိုးရင် အရေပြားက ပါးတော့

အရိပ်က အနီရောင် 

ငါ့အနာကနေ အသံမထွက်တော့ 

မြင်သမျှကို ရယ်နေရတယ်

မြင်သမျှက ရယ်နေကြတယ် ။


ဘာအမှုအခင်းမှ မရှိတဲ့ မြိုကြီးထဲမယ်

ဘယ်စုံထောက်က အိပ်ပျော်နိုင်မှာတဲ့လဲ ။ 


 #နေမြဲ