|| စစ်ပွဲဆီ ချီတက်ကြ ||
စစ်ကိုဆန့်ကျင်ခဲ့သူတစ်ယောက်ဟာ
စစ်ပွဲအတွက် ပြင်ဆင်နေရမယ်လို့
တခါမှ စဥ်းစားခဲ့ဖူးမှာမဟုတ်ဘူး. . . ။
ငြိမ်းချမ်းရေးအတွက်
တရားမျှတမှုအတွက်
လူထုလွတ်မြောက်ရေးအတွက်
အခုတော့
စစ်ပွဲကို ငါတို့လိုအပ်ခဲ့ပြီ. . . ။
ဟစ်တလာနဲ့ ငြိမ်းချမ်းရေးစကား ငါတို့မပြော
ဒီအချိန်မှာ တွေ့ဆုံဆွေးနွေးရေးသမားဆိုတာ
လက်နက်ချသွားတဲ့ သစ္စာဖောက်ပဲ။
စစ်ပွဲကို စစ်ပွဲနဲ့သာ အဆုံးသတ်နိုင်လိမ့်မယ်။
ရည်မှန်းချက်နဲ့ဗျူဟာမတူလည်း
ဘုံရန်သူက အတူတူပဲဖြစ်လို့
စစ်ပွဲဆီကို ညာသံပေး ချီတက်ကြတာပေါ့။
ခြံဝင်း၊ ဝရံတာနဲ့ လှေကားတွေမှာ
သပြေပင်လေးတွေစိုက်ပျိုးပြီး
သူရဲကောင်းတို့ရဲ့ အောင်ပွဲနဲ့အပြန်ခရီးကို
ပြည်သူတွေ ရင်ခုန်စွာစောင့်ကြိုနေလိမ့်မယ်။
ငါတို့ တော်လှန်ရေးစစ်သားတွေ
နောက်ဆံမတင်းဘဲ
စစ်ပွဲအတွက် ပြင်ဆင်ကြ
စစ်ပွဲကို ကြိုဆိုလိုက်ကြ
စစ်ပွဲဆီ အတူချီတက်ကြ. . . ။ ။
- မောင်ဆောင်းခ
.jpg)
4 Comments
💪🏻💪🏻
ReplyDeleteAppreciate.
ReplyDeleteခြံဝင်း၊ ဝရံတာနဲ့ လှေကားတွေမှာ
ReplyDeleteသပြေပင်လေးတွေစိုက်ပျိုးပြီး
သူရဲကောင်းတို့ရဲ့ အောင်ပွဲနဲ့အပြန်ခရီးကို
ပြည်သူတွေ ရင်ခုန်စွာစောင့်ကြိုနေလိမ့်မယ်။
စစ်ပွဲကိုကြိုဆိုလိုက်ကြ
ReplyDeleteစစ်ပွဲဆီ အတူချီတက်ကြ၊✊