အချစ်ဦး
မှတ်ဉာဏ်ဆီက
ထိတ်လန့်လွန်ပြီး ပန်းထွက်လာတဲ့
သွေးသက်တံ့တွေ။
တည်ရှိခဲ့သမျှ မိုးသားတွေ
မျက်ဝန်းဆီ လာရောက်ရွာကျရ။
အထိအစပ် မရှိ ကိုယ့်ဆီ စိုစွတ်ရ။
မင်း ရယ်ဖို့ ၊ ကိုယ်ဟာသတွေထဲ ခုန်ဝင်ခဲ့ရ။
မင်းဘေးက လေဟာနယ်ကလေးမှာ ဒြပ်မဲ့မုန်တိုင်းတွေ တိုက်ရ။
ကိုယ့်စကားသံ ကိုယ်ပြန်မကြားရတဲ့ စကားတွေ ပြောမိရ။
တစ်ခါပြုံးပြတိုင်း ငလျင်တွေ တစ်ခါလှုပ်ရ။
မင်းလှည့်ထွက်သွားတော့ ဟာခနဲဖြတ်သန်းခဲ့တဲ့နှစ်တွေ ဟာခနဲထပ်ဖြစ်ရ။
မီးတောင်သေတွေ နားထဲမှာ ဝင်အသက်ဝင်ကြ။ မီးခိုးတွေ နားထဲအူရ။
အချိန်က ငရဲတစ်ခုဖြစ်ရ။
စောက်မှတ်ဉာဏ်တွေ
နာကျင်မှု အပေါ် ပျော်ပွဲရွှင်ပွဲ ကျင်းပကြ။
လူကြားသူကြားထဲ ဝင်ဝင်သေရ။
ခက်တာပဲ အချစ်ရယ်
မသေဆေးစားမိပြီးမှ
ကမ္ဘာဆိုတာကလည်း ပျက်တော့တယ် ။
- ဇာတိ
.jpg)
10 Comments
Done 🍀
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteDone💕
ReplyDelete😇😇😇😇😇
ReplyDelete🤍
ReplyDeleteကောင်းလိုက်တဲ့ ကဗျာလေးတွေ❤
ReplyDeleteFighting
ReplyDeleteAppreciate.
ReplyDeleteမင်းဘေးက လေဟာနယ်ကလေးမှာ ဒြပ်မဲ့မုန်တိုင်းတွေ တိုက်ရ။
ReplyDeleteကိုယ့်စကားသံ ကိုယ်ပြန်မကြားရတဲ့ စကားတွေ ပြောမိရ။
တစ်ခါပြုံးပြတိုင်း ငလျင်တွေ တစ်ခါလှုပ်ရ။
မင်းလှည့်ထွက်သွားတော့ ဟာခနဲဖြတ်သန်းခဲ့တဲ့နှစ်တွေ ဟာခနဲထပ်ဖြစ်ရ။
အချစ်ဦး
ReplyDelete