ဒီလိုပါပဲ

လူဆိုတာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်

သံသရာကိုလည်ပတ်


လမ်းထိပ်

ကွမ်းယာဆိုင်က ကောင်လေးလည်း 

အဆင်မပြေဘူး


ငါလည်း အဆင်မပြေဘူး

ကမ္ဘာလည်း အဆင်မပြေဘူး

ဆိုတော့...

အဆင်မပြေဘူးပေါ့

ဆိုတော့...

ဒါ အရသာပေါ့


သေခြင်းတရားကလွဲလို့

အရာရာ

အဆင်မပြေခြင်း မီးခိုးများသာ


တို့ဘ၀ တို့ကမ္ဘာ

နိုင်ရာစား ဥပဒေသတွေနဲ့

ဤကို ကျွဲလုပ်စီးတဲ့ခေတ်မှာ


ကျီးပေါင်းတက်နေတဲ့

ငါ့လက်ထဲက အမှန်တရား

ဘယ်သူမှ စျေးဆစ်လို့ မရဘူး။


.

- ရိုးဒီ