20-Second Timer
Time remaining: 20


 ''ကုဋေရှစ်ဆယ်သူဌေးသားက


သိပ်သနားဖိုကောင်းတယ်နော်ဆရာမ''


မျက်ထောက်နီနဲ့ကြည့်တဲ့အကြည့် ကျွန်တော်သိတယ်...


''နင်ကဘာသနားတာလဲ''


''နင်သာလူမိုက် ဒုစရိုက်တဲ့လားဆရာမရယ်


သူက ဘာမဟုတ်တာလုပ်လိုလဲ''


ဆရာမ မျက်လုံးပြူးပြီးကြည့်တယ်


ဘာမှမပြောသေးဘူး


''သူ့ရှိတဲ့ ပိုက်ဆံလည်းအခိုးခံရတယ်


လူတွေကကျေးဇူးတရားနားမလည်ကြဘူးနော်''


''သူကပညာမှမတတ်တာ''


''ပညာမတတ်ရင် နှလုံးသားမဲ့ရောလားဆရာမ


သူ့ပစ္စည်းတွေ အခိုးခံရတာတောင် ပြန်ပြီး မခိုးရကောင်း


မှန်းသိလို မလုရကောင်းမှန်း 


သိလိုတောင်းစားတာလေ ဘာလိုဝိုင်းရိုက်တာလဲ''


''အဲ့ဒါ''


''သားကတော့ အဲ့ဒိလူ့ပါတ်ဝန်းကျင်ကိုပဲ 


အမြင်ကတ်တာ...

သူတိုလည်းပညာမဲ့လောက်တယ် . .ပညာတင်မကဘူး 


နှလုံးသားလည်းမဲ့လောက်တယ်''


'ဘာ''


''သားမေးပါရစေ အဲ့ဒီကဗျာကသူဋ္ဌေးသားကို 


အကောင်းပြောတာလား မကောင်းပြောတာလား''


''ဟို...မကောင်းပြောတာလေသားရဲ့''


''ဒါဆို သူ့ဝိုင်းရိုက်တဲ့သူတွေကကောင်းတယ်ပေါ့''


''ကဗျာက ပညာမဲ့တာကို မကောင်းပြောတာလေ''


''နှလုံးသားမဲ့တာကျတော့ရော...


စာနာစိတ်မဲ့တာကျတော့ရော...


မြေနိမ့်ရာလှံစိုက်တာကျတော့ရော...


ကူညီရကောင်းမှန်းမသိတာကျတော့ရော....''


''ကဗျာရဲ့ဆိုလိုရင်းကို သားသိအောင်ကြိုးစား''


''ဆရာမ ဒီမှာကြည့်''


''နင် နင် ရိုင်းလှချည်လား''


''သားဘာရိုင်းလိုလဲ''


''နင်ငါ့ကို ဘာလိုလက်ခလယ်ထောင်ပြတာလဲ''


''လက်ခလယ်က ဘာဖြစ်လိုလဲ''


'နင့်ကို ကျောင်းအုပ်ကြီးရုံးခန်းပိုမယ်''


''သားပေးချင်တဲ့ ဥပမာက အဲ့ဒါ . .!


သားဘယ်လိုရှင်းပြရှင်းပြဆရာမ 


လက်ခံမှာ မဟုတ်တော့ဘူး


သားလက်ခလယ်မှာမှဲပါတယ်...


ပြသူနဲ့ကြည့်သူမှာ ကိုယ်ပိုင်ယူဆချက်တွေရှိတယ်


တူတဲ့အခါတူမယ်ကွဲတဲ့အခါကွဲမယ်... 


ဒါပေမယ့်ပြသူမှာပိုတာဝန်ရှိတယ်... 


ဒီကဗျာလည်းဒီလိုပဲ''


''ဘာဆိုင်လိုလဲ''


''ဆားတုံဆရာတော်က ပညာမဲ့တာကို အဆိုးရေး 


ထားတယ် နှလုံးသားမဲ့တာကို အပြစ်တောင် 


တင်မထားဘူး... ဆရာမဘယ်လိုမြင်လဲမသိဘူး...


သားကတော့ ဒီလိုပဲမြင်တယ်''


''သားထပ်မေးမယ်


ပညာမဲ့တာနဲ့


စာနာစိတ်မဲ့တာ


ဘယ်ဟာပိုဆိုးလဲ''


#တာရာမင်းဝေ