ကျဆုံးစာရင်း


ငါက လူမုန်းများတယ်

မင်းက လူချစ်လူခင်များတယ်

နှစ်မျိုးစလုံး အန္တရာယ်ရှိတယ်


ငါ့အနီးတစ်ဝိုက်

သေကွဲတွေရော ရှင်ကွဲတွေရော


ငါ့အနီးတစ်ဝိုက်

ဝရမ်းပြေးတွေရော

အကျဉ်းသားတွေရော


မိုးဦးကျရင် မြက်ရိုင်းတွေပေါက်လာမယ်

တောထလာမယ်

ပန်းတွေလည်း ပွင့်လာမှာပဲ


ကပ်ဆိုးကြီးထဲ

မင်းသတင်းကိုပဲ ငါစုံစမ်းရ

မင်းကိုပဲ ငါလှမ်းလှမ်းဆဲရ


" မပူနဲ့အမေ ကျနော်က ကဗျာဆရာ 

သေရင်လူစည်မှာ"


အပေါင်းအသင်းတွေ့ရင်

မြင်းပေါက်ကလေးတစ်ကောင်လို

မြူးထူး


စွန်တစ်ကောင်လို လေဟုန်စီး

ထိုးစိုက်


မင်းက ဆေးစက်ကျရာပျော်ပါးလို့

ငါက မီးစကိုရှို့လို့


ပြာဟာ ခွေးသွားစိတ်များ။ ။


#ကြည်ဇော်အေး