ကျဆုံးစာရင်း
ငါက လူမုန်းများတယ်
မင်းက လူချစ်လူခင်များတယ်
နှစ်မျိုးစလုံး အန္တရာယ်ရှိတယ်
ငါ့အနီးတစ်ဝိုက်
သေကွဲတွေရော ရှင်ကွဲတွေရော
ငါ့အနီးတစ်ဝိုက်
ဝရမ်းပြေးတွေရော
အကျဉ်းသားတွေရော
မိုးဦးကျရင် မြက်ရိုင်းတွေပေါက်လာမယ်
တောထလာမယ်
ပန်းတွေလည်း ပွင့်လာမှာပဲ
ကပ်ဆိုးကြီးထဲ
မင်းသတင်းကိုပဲ ငါစုံစမ်းရ
မင်းကိုပဲ ငါလှမ်းလှမ်းဆဲရ
" မပူနဲ့အမေ ကျနော်က ကဗျာဆရာ
သေရင်လူစည်မှာ"
အပေါင်းအသင်းတွေ့ရင်
မြင်းပေါက်ကလေးတစ်ကောင်လို
မြူးထူး
စွန်တစ်ကောင်လို လေဟုန်စီး
ထိုးစိုက်
မင်းက ဆေးစက်ကျရာပျော်ပါးလို့
ငါက မီးစကိုရှို့လို့
ပြာဟာ ခွေးသွားစိတ်များ။ ။
#ကြည်ဇော်အေး
.jpg)
3 Comments
😔💔
ReplyDeleteကဗျာဆရာဆိုတော့လူစည်မှာတဲပလားဆရာရယ်😔❣️
ReplyDelete
ReplyDeleteအပေါင်းအသင်းတွေ့ရင်
မြင်းပေါက်ကလေးတစ်ကောင်လို
မြူးထူး