20-Second Timer
Time remaining: 20

 


ကဗျာထဲကသူရဲကောင်း 

                                           

ရွာဦးကျောင်းမှာ

ရေတွင်းတူးတုန်းက

မင်းမပါဘူး။


ငါတိုလယ်တွေ ပျိုးကြဲတုန်းက

မင်းမပါဘူး။


လွင်တီးခေါင်တွေ

သစ်ပင်စိုက်တုန်းက

မင်းမပါဘူး။


ခုတော့မင်းက

ဗိုလ်ချုပ်နဲ့ လည်ပင်းဖက်ကြီးသလို

သခင်ဗဟိန်းနဲ့ ဂွေပဲအတူလှိမ့်ခဲ့သလို


သခင်သန်းထွန်းနဲ့ မီး၀င်မီးထွက်လိုလို

ဟိုချီမင်းက မင်းဘကြီးလိုလို

မင်းကဗျာတွေဖတ်ရတာ

အသက်ရှူကျပ်ပြီး မနေတတ်ဘူး။


သြော်

သြော်

သြော်


မင်းကဗျာတွေက ဘာလိုလို။         

 

- အောင်ဘညို