လူတိုင်းမှာ အမှောင်ဘက်ခြမ်း ဆိုတာမျိုး မရှိခဲ့ဘူးဆိုရင်
အစောကတည်းက ဒီစာသားတွေကို ရေးနေစရာတောင် အကြောင်း ရှိမှာ မဟုတ်ဘူး။ လူမသိ သူမသိနေရာမှာ ပေါက်ရောက်နေတဲ့၊ ကားစွင့်နေတဲ့ သစ်သီးတွေလိုမျိုးတစ်ယောက်ယောက်က လာမခူးဆွတ်ခင် အထိတော့ အကုန်လုံးက အဆင်ပြေနေခဲ့တာပဲ။ ကိုယ်တို့ဟာ သိဖို့အတွက် သင်ယူရင်း မှားဖူးတတ်ကြတဲ့သူတွေ။ ဒါပေမဲ့ သိရခြင်းမှာတော့ အပြစ်မရှိပါဘူး။ မသိရခြင်းမှာလည်း အိပ်လို့ မပျော်တဲ့ ညတွေ ရှိခဲ့ဖူးတာပဲ။ ရုတ်တရက် My time has come လို့ လိပ်တစ်ကောင်က လေးလေးသွဲ့သွဲ့ ပြောချလိုက်သလိုမျိုး၊ အရာရာကို စွန့်လွှတ်ထားခဲ့ပြီလို့ ခင်ဝမ်းသီချင်းကို ကောက်ညည်းလိုက်ရသလိုမျိုး အခိုက်အတန့်တွေနဲ့ ကြုံလာရတဲ့ အခါတိုင်းမှာလည်း ကိုယ့်ဘဝကိုယ် ဘယ်နေရာမှာ စမျက်ခြည် ပြတ်သွားခဲ့တာလဲပေါ့။ ရှင်သန်နေတဲ့ မီးတွေက ကိုယ့်အတွက် မဟုတ်ဘူးလို့ တွေးပြီး ဝမ်းနည်းတတ်တဲ့ စိတ်မျိုးနဲ့ပေါ့။ အဲဒါကိုတောင်မှ တစ်ယောက်ယောက်ရဲ့ အပေါ်မှာ ထားရှိတတ်သေးတဲ့ ယုံကြည်စိတ်မျိုးနဲ့လည်း ရှိသမျှ ပုံအောပြီး တစ်ညလုံး လောင်းကြေးထပ်ခဲ့ကြတာပဲ။ မနက်အရုဏ်တတ်ချိန် ရောက်လာခဲ့တဲ့ အခါမှာတော့ ဒိုင်ဖြစ်သူက ထိုးသားဖြစ်သူ ကိုယ်တို့ရဲ့ ဦးခေါင်းပြတ်တွေနဲ့ ထွက်ခွာသွားခဲ့ပေါ့။ ဒီလို အမှောင်စိတ်ဟာ ဘာအတွက်ကြောင့်များ ကိုယ်တို့အပေါ်ကို ကျရောက်ခဲ့ရတာပါလိမ့်။
#မိုးရဲ
.jpg)
3 Comments
💘
ReplyDeleteဒီကဗျာတော့ သိပ်နားမလည်ဘူး
ReplyDelete😶
ReplyDelete