လက်ဖျံရိုးပေါ်က ဒွိဟ
ကိုယ်ဟာ
ဓားတန်းလန်းနဲ့ မြစ်တစ်စင်းပါ
ဆွံ့အ ခြင်းတွေနဲ့
ငြိမ်ငြိမ်လေး စီးဆင်းနေမိရင်
နားလည်ပေးမှာလား။
ကိုယ်ဟာ
မီးလောင်နေတဲ့ တဲအိုပျက်ပါ
ပူလောင်ခြင်း သက်ပြင်းရှည်တွေ
မင်း ပါးပြင်ပေါ် လာဟပ်တဲ့အခါ
တွန့်ဆုတ်သွားမှာလား။
ကိုယ်ဟာ သူပုန်ပါ
အာဏာရှင်၊ ရှေးရိုးစွဲဝါဒ၊
လူ့အဖွဲ့အစည်းနဲ့ ငွေကြေးဓနတွေကို
ကိုယ့်နည်းကိုယ့်ဟန်နဲ့ တော်လှန်တဲ့အခါ
ခနဲ့စကား ဆိုမှာလား။
(ကိုယ်က)
မင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို ကိုယ်က ပိုင်ပြီး
(မင်းက)
ကိုယ့်လက်ကို မဖြုတ်ချရင်တော့
ကမ္ဘာကြီး တစ်ခုလုံးကို မင်းက ပိုင်လိမ့်မယ်။
- မောင်ဆောင်းခ
.jpg)
6 Comments
(ကိုယ်က)
ReplyDeleteမင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို ကိုယ်က ပိုင်ပြီး
(မင်းက)
ကိုယ့်လက်ကို မဖြုတ်ချရင်တော့
ကမ္ဘာကြီး တစ်ခုလုံးကို မင်းက ပိုင်လိမ့်မယ်။
#မောင်ဆောင်းခ
Done 💕
ReplyDeleteကြိုက်တဲ့ ကဗျာလေး
ReplyDeleteAppreciate.
ReplyDelete(ကိုယ်က)
ReplyDeleteမင်းလက်ကလေး ကိုင်ခွင့်ရတဲ့အခါ
ကမ္ဘာတစ်ခြမ်းကို ကိုယ်က ပိုင်ပြီး
(မင်းက)
ကိုယ့်လက်ကို မဖြုတ်ချရင်တော့
ကမ္ဘာကြီး တစ်ခုလုံးကို မင်းက ပိုင်လိမ့်မယ်။
❤
ReplyDelete