Time remaining:
20
"လမ်းပေါ်မှ
မိတ်ဆွေဟောင်းတဦးသို"
လက်ဆီ ဆေးလိပ်မီးက တွားသွားလာတာတဲ့
အရေပြားပေါ် အသဲကွဲကွဲကို ပြန်လည်ထေးဖာနေပါတယ်ဆိုတဲ့
ငါတို တခါက ရဲဘော်
စာခြောက်ရုပ် သီချင်းတပုဒ်
သူပဲ လမ်းညွှန်ပေးခဲ့
လေးထောင့်ကန်မီးရောင်တွေအောက်
သူလည်း အချိန်တန်အမှောင်ထဲ
တိုးဝင် နောက်
ပျောက်ကွယ်သွားတော့
သစ်ပင်တန်းတွေလည်း မစိမ်းစိုနိုင်
ဒီကောင် တယောက်ထဲ ပြန်ချသွားလိုက်တာ
တယောက်ထဲ ပြန်တာထက် တယောက်ထဲအဖြစ်ဟာ
အန္တရာယ်များတယ်ဆို။ ။
-ကောက်ကွေ့
.jpg)
5 Comments
🐳🌊
ReplyDelete🤍
ReplyDeleteDone 🍀
ReplyDelete😇😇😇😇😇😇
ReplyDeleteတယောက်တည်းပြန်တာထက်
ReplyDeleteတယောက်ထဲအဖြစ်ဟာ အန္တရာယ်များတယ်ဆို