သမီးလေးတစ်ယောက် လိုချင်တယ်
ဒါမှမဟုတ်လည်း
မင်းက အဲ့ဒီမှာပဲ
မင်းရဲ့ နှလုံးသားနဲ့ချစ်မိလိုက်တဲ့
အမျိုးသားတစ်ဦးဦးနဲ့ အိမ်ထောင်ကျပြီး
မင်းရဲ့ ဝမ်းနဲ့လွယ်ပြီး
မွေးလာတဲ့ သမီးလေးကို မြင်ဖူးချင်တယ်။
အဲ့ဒီအခါ သမီးလေးက မင်းရဲ့ဘဝလို့
မင်း သုံးနှုန်းဦးမှာပဲလေ။
မင်းဘဝလေးကို ချစ်ရတဲ့ အကိုက
လိုက်ချစ်ရဦးမှာပါပဲ။
အဲ့ဒီအခါ မင်းသာ ဘေးနားရှိနေရင်
ကျနော့်အမျိုးသားက ကျနော့်ဘဝဆိုရင်ရော
အကိုက လိုက်ချစ်ဦးမှာလားလို့
ပြောပြီး ရယ်ရင်လည်း ရယ်နေမှာပေါ့။
အကိုက အဝေးကြီးတွေကို လျှောက်ငေးနေမိမှာ။
ခု ငေးနေသလိုပေါ့။ ။
- ဇာတိ
.jpg)
10 Comments
Done 🍀
ReplyDeleteDone💕
ReplyDelete😇😇😇😇😇
ReplyDelete🤍
ReplyDeleteဟာ
ReplyDeleteFighting
ReplyDelete
ReplyDeleteအဲ့ဒီအခါ မင်းသာ ဘေးနားရှိနေရင်
ကျနော့်အမျိုးသားက ကျနော့်ဘဝဆိုရင်ရော
အကိုက လိုက်ချစ်ဦးမှာလားလို့
ပြောပြီး ရယ်ရင်လည်း ရယ်နေမှာပေါ့။
💟
ReplyDelete💛
ReplyDelete💜
Delete