အဆွေးဆိုင်


တိမ်တွေတောင်

အိမ်ပြန်ရောက်နေသလိုပဲ


သေသွားတဲ့နေ့တွေသာ

အိမ်ပြန် မရောက်နိုင်တော့ဘူး


မသေသေးတဲ့နေ့တွေလည်း

အိမ်ပြန် မရောက်နိုင်သေးဘူး


လပြည့်ညဟာ လှပါတယ်

ဒါပေမဲ့ မလွတ်မြောက်သေးဘူး


ရောက်လာပြန်ပြီလား သောက်ကြာနေ့

ရောက်လာပြန်ပြီလား ရှာဖွေခြင်း

ရောက်လာပြန်ပြီလား မပျော်ရွှင်မှု


ငါက ဒဏ်ရာရတယ်

မင်းက ဘာရလဲ


အဆွေးက ကိုယ်နဲ့ဆိုင်လို့လား

ထိုင်ဆွေးနေမိတယ်


လူမိုက်နဲ့မျက်ရည်လည်း

အတူနေရတာပါပဲ ။


- အောင်ခိုင်မြတ်