20-Second Timer
ငါက ကဗျာတစ်ပုဒ်ထပ်ရပြီ
လက်တွေ့ကျတာပဲလုပ်မယ်လို့ ဆုံးဖြတ်ပြီးကာမှ
လေယဥ်တွေ ခေါင်းပေါ်ဝဲနေတာတွေ့ရ
စာအုပ်ထဲ ညပ်သေနေတဲ့ ပင်လယ်ကိုဆွဲထုတ်ပြီး
တဲခေါင်းရင်းဘက်ဆီ လှမ်းတွန်းထုတ်ရတယ်
အတော်လွမ်းစရာကောင်းတဲ့ ဥသျှစ်ရွက်နုနုလေးတွေပါ
သားနှစ်ယောက်မွေးထားပြီး
ဘုရားစင်ရှေ့က မထနိုင်တဲ့
အမေ့ရဲ့ဒီဖက်နှစ်သောကတွေက
စံပယ်လိုဖွေးလို့
အဝေးက မွှေးမြစွာကန်တော့ပါတယ်၊
အဖေ့လည်ချောင်းအပေါက်ထဲက လှမ်းချောင်းကြည့်ရင်
ကမ္ဘာသစ်တစ်ခုမြင်ရမယ်ဆိုလို့
အဖေဟာ သူ့လည်ပင်းကိုအနာခံပြီးဖောက်ခဲ့တယ်
ပန်းချီဆရာတစ်ယောက်မဟုတ်ခဲ့လေတော့
သူ့ဘာသာစကားဟာ သစ်တိုသစ်စတွေပစ်ချလိုက်သလို
ဝေါခနဲ၊
သောက်လက်စ ရေနွေးခွက်ထဲ
ဆေးလိပ်ပြာ မှားခြွေမိတယ်
ကြည့်လက်စ ရှုခင်းဆိုတာ
ကျည်ဆံတွေနဲ့ လုပ်ထားတာ
တောထဲတောင်ထဲက ရေးတာဆိုတော့
တောရေးတောင်ရေးတော့ ဖြစ်နေမှာပဲ
နွေဦးတော်လှန်ရေးတဲ့
အရင်ဆုံးတိုက်ပွဲကျတာတော့
ငါတို့နှလုံးသားတွေပါပဲ ရဲဘော်ရေ။
ရဲဘော်သို့
- Aမွန်

2 Comments
💛💜
ReplyDelete🥺
ReplyDelete