20-Second Timer
Time remaining: 20


၀င်သက်ထွက်သက် မှတ်လိုရနေပေမယ့် တရားမရသေးတဲ့သူ တစ်ယောက်လိုပါ ခံစားမှုမဲ့နေရခြင်းဟာလည်း ကြီးစွာသော ၀ဋ်ဆင်းရဲလိုပဲ။ ကျနော့်မှာက ကိုယ့်ကို ဆရာလို တဖွဖွခေါ်နေကြတဲ့ လူတွေရဲ့ကြား နေ့စဉ်နဲ့အမျှ လည်ပတ်နေခဲ့ရရင်း အပိုအနေနဲ့ လက်ဆောင်ရလိုက်ခဲ့ဖူးတဲ့ လူတိုရဲ့ အတောမသတ်နိုင်သမျှ လိုအင်ဆန္ဓတွေကို ငေးမောတွေးငိုင် ထိုင်ကြည့်နေခဲ့ရရင်း ဘ၀ဆိုတဲ့ အရာကိုလည်း ထပ်ဖန်တလဲလဲ မေးခွန်းထုတ်နေခဲ့ရတာကို အနုပညာလို ခေါင်းစဉ်တပ်ထားရတဲ့ ဘ၀တစ်ခုရှိတယ်။


အဲဒီ စုတ်ပြတ်ညံ့ဖျင်းမှုတွေကြောင့်ပဲ ကျနော်က အသဲကို ပြောပြဖို အတွက် ဒီစကားလုံးတွေကို ရခဲ့တယ်လိုဆိုရမယ်။ ဒါက ရိုးရှင်းမှုတစ်မျိုးပါပဲ။ ခင်ဗျားတိုဘက်က လက်ခံနိုင်ခဲ့ပါမယ်ဆိုရင်ပေါ့။ ဒီစကားတွေမှာ ဘ၀က နေပျော်စရာလို ကျနော်ဆက်ပြီး ညာမနေချင်တော့တာလည်း နည်းနည်းပါးပါးတော့ ပါ၀င်ချင်ပါ၀င်နေပါလိမ့်မယ် ဒီလောက်လေးပါပဲ။


                      #ချစ်မင်းဝေ