တကယ်လို့များ အသက်ရှင်နေရတာ အသုံးမဝင်ဘူးလို့ ခံစားနေရရင်လေ။
တကယ်တမ်းက လူတဦးတယောက်ရဲ့နေထိုင်မှုက ကမ္ဘာပေါ်ရှိနေသမျှ သက်ရှိအားလုံးအပေါ်အကျိုးပြုနေဖို့ မလိုအပ်ပါဘူး။ ငါတို့ဟာ စူပါဟီးရိုးတွေမဟုတ်ကြပဲ ငါတို့ဟာ သာမန်လူတွေဖြစ်နေလို့ပါပဲ။ အသက်ကြီးလာမယ်။ မင်းရဲ့ဘဝစက်ဝိုင်းထဲမှာ လူတွေနည်းလာမယ်။ ဒီနေရာမှာ "အသုံးဝင်ခြင်း" ဆိုတဲ့ ဓာတ်ခွဲခန်းသုံးစကားလုံးနဲ့ ဘဝကို ငါတို့မတိုင်းတာဘူး။ ဝန်းရံထားတဲ့ချစ်ခြင်းတွေနဲ့ပဲ တိုင်းတာစေချင်တယ်။
မင်းမွေးထားတဲ့ခွေးကလေးက မင်းအိမ်အပြန်လမ်းမှာ အမြဲစောင့်နေတတ်ရင်၊ ကြမ်းတမ်းတဲ့ဒီကမ္ဘာကြီးမှာ မင်းနဲ့မင်းအမေနဲ့ တယောက်ကိုတယောက်မှီခိုနေရရင်၊ မင်းကိုဆုံးရှုံးရတဲ့အခါ မင်းသူငယ်ချင်းတွေဆီမှာ ကွက်လပ်အကြီးကြီးတခုဖြစ်သွားမယ်ဆိုရင် ဒါဟာမင်းရဲ့အသုံးဝင်မှု/အရေးပါမှု/ အချစ်ခံရခြင်းနဲ့ ချစ်ခြင်းရှိမှုပါပဲ။
မိုးရေထဲမှာ ခိုက်ခိုက်တုန်နေတဲ့ကလေးလေးရဲ့လက်ထဲ မုန့်တထုပ်ထည့်ပေးဖို့၊ မင်းရဲ့လက်ကျန်ပိုက်ဆံနဲ့ မင်းဆီ မုန့်လာပို့တဲ့လူကို ဘောက်ဆူးပေးလိုက်ဖို့၊ ဆိုက်ကားပေါ်ကဆင်းတိုင်း ကျေးဇူးတင်ပါတယ် ပြန်မအမ်းပါနဲ့လို့ ပြုံးရယ်ပြီးပြောဖို့။ မင်းနှလုံးသားနွေးထွေးအေးမြသွားတိုင်း မင်းရဲ့အရေးပါမှုကို မင်းမြင်လာမယ်။ မင်းလက်တွေကို ပိုပြီးဆန့်တန်းနိုင်ဖို့လည်း စိတ်ဆန္ဒရှိနေသေးတယ်ဆိုရင်။ မင်းဟာ ကမ္ဘာကြီးထဲက မြို့သေးသေးလေးဆီက ဘားဆိုင်တခုမှာ တိုးတိုးလေးဖွင့်ထားတဲ့ Country သီချင်းတပုဒ်ပါပဲ။
ငိုပါ။ စကားပြောပါ။ ဘာပဲဖြစ်ဖြစ် မင်းအသက်ဆက်ရှင်နေဖို့သာ လိုပါတယ်။
#ဆပ်ရိပ်
၁၄.၄.၂၁
.jpg)
9 Comments
Fighting 💪
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteမင်းနှလုံးသားနွေးထွေးအေးမြသွားတိုင်း မင်းရဲ့အရေးပါမှုကို မင်းမြင်လာမယ်
ReplyDelete#ဆပ်ရိပ်
မင်းထွက်သွားတဲ့ အခါ
ReplyDeleteမင်းကိုတမ်းတမ်းတတမရှိကြသေးဘူးဆိုရင်
မင်းဟာ ထင်သလောက် အရေးမပါသေးဘူး။
Fighting
ReplyDeleteအသက်ရှင်နေရတာ အသုံးမဝင်ဘူးလို့ တခါမှတော့ မခံစားရဖူးဘူး
ReplyDeleteဒါပေမယ့် အဓိပ္ပါယ်မရှိဘူးလို့တော့ တခါတလေ တွေးမိတယ်
ငိုပါ။ စကားပြောပါ။ ဘာပဲဖြစ်ဖြစ် မင်းအသက်ဆက်ရှင်နေဖို့သာ လိုပါတယ်။
ReplyDelete#ဆပ်ရိပ်
၁၄.၄.၂၁
အသက်ရှင်ဖို့လိုပါတယ်
Appreciate.
ReplyDeleteဘာအတွက်
ReplyDeleteအသက်ရှင်နေကြမလဲ......
မင်းရဲ့ရွေချယ်မှု့က.....
မင်းရဲ့ဘ၀ဘဲ
ပျော်ရွှင်နိုင်ပါစေ.....