20-Second Timer
Time remaining: 20

 


ဘ၀ဆိုတာမသိတာတွေသိချင်လို သိအောင်ကြိုးစားကြရင်းနဲ့ပဲ မသိတာတွေပိုများလာတဲ့ခရီးရှည်ကြီးပါပဲ။


သင်္ချာမှာသင်ရတဲ့မသိကိန်းဆိုတာကို အမြဲအဖြေရှာနေဖိုမလိုဘူးလို ယုံကြည်လာမိတယ်။


ဘ၀မှာမသိကိန်းလေးတွေရှိမှသာ အသက်ရှူရတာနေရာပိုကျယ်၊ပိုမိုပေါ့ပါးလာလေမလားပဲ။


တစ်ချိန်လုံးလေထဲမှာရှိနေတဲ့မသိကိန်းတွေကို သံသယနဲ့ကြည့်နေမိရင်ကျွန်တော်တိုဟာဘာကို နူတ်လို ဘာတွေရမလဲဆိုတာကို 

သိကြပါဦးမလားလိုပဲတွေးနေမိတော့တယ်။


#ရှိန်ဝါ