ဘဝကို ရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့
စိတ်နဲ့ပဲ နေထိုင်တယ်
တစ်ယောက်ယောက်က ငါ့ကို လာချစ်ပြီး
တခြားတစ်ယောက် ပြောင်းချစ်ချင်လည်း
ငါပြန်ပြောခဲ့တာ ရတယ် ဘာမှမဖြစ်ဘူးပဲ။
တစ်ယောက်ယောက်က မတည်နိုင်တဲ့
ကတိတွေပေးပီး ဘဝထဲက ထွက်သွားလည်း
ရတယ် ဘာမှမဖြစ်ဘူးပဲ။
မိဘက အလိုမလိုက်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ရည်းစားက မချစ်တော့လည်း
ရတယ် ဘာမှမဖြစ်ဘူး
သူငယ်ချင်းက စိမ်းသွားရင်လည်း
ရတယ် ဘာမှမဖြစ်ဘူး
ငါ ဘာမှကို မဖြစ်သွားဘူး
တကယ်လည်း ဘာမှကို မဖြစ်သွားခဲ့ဘူး
ကမ္ဘာကြီးက အေးဆေးလည်နေတုန်း..
#ဏေသစ်
.jpg)
7 Comments
ဘဝကို ရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့
ReplyDeleteစိတ်နဲ့ပဲ နေထိုင်တယ်
အေးဆေးပေါ့✌️
Done 🍀
ReplyDeleteရတယ် ဘာမှမဖြစ်ဘူး ဆိုတဲ့ စိတ်နဲ့ တကယ် နေထိုင်နေတယ်
ReplyDeleteWheel............dope.🏹🏹🏹
ReplyDelete😇😇😇😇😇😇
ReplyDeleteAppreciate.
ReplyDeleteရှယ်ပဲ
ReplyDelete