ခလေးရနံ့
မီးဖိုချောင်ဖက်ကနေ ခလေးရနံ့ ရတယ်။
ဟင်းရနံ့ထက် ပိုမွှေးတယ်။
ငါတိုလင်မယားနှစ်ယောက်စလုံး ခလေးရနံ့ကိုတော်တော်
ကြိုက်နေကြပြီ။ခလေးရနံ့ရပြီဆိုတာနဲ့ လုပ်လက်စအလုပ်တွေကိုချက်ချင်းရပ်ပြီး ခလေးရနံ့ကိုလိုက်ပြီးရှူကြရှိက်ကြပေါ့။တစ်ယောက်ကိုတစ်ယောက်နမ်းမိကြသေးတယ်။တံခါးပေါက်ပေါ်က မီးသွေးနဲ့ခြစ်ထားတဲ့ ၀ လုံးလေးတွေနောက်မှာ ခလေးရနံ့ရတယ်။ ရေဇလားထဲက ဆပ်ပြာပူဖောင်းတွေကြားမှာ ခလေးရနံ့ရတယ်။တိမ်တစ်အုပ်ရဲ့အောက်နဲ့ ခြံ၀န်းကျဉ်းကျဉ်းလေးရဲ့ကြားတစ်နေရာမှာခလေးရနံ့ကိုရလိုက်တယ်။သစ်ပင်ကြီးကလည်းခလေးရနံ့ကိုရှူမိလိုထင်ရဲ့ ၊လန်းဆန်းနေတယ်။ ခွေးကလေးကလည်း ခလေးရနံ့ကိုရှူမိလိုထင်ပါရဲ့၊ အူမြူးနေတယ်။ငါတိုရဲ့အသက်တွေဟာ သရေကွင်းလိုကျဉ်းလိုက်ကျယ်လိုက် ကျုံလိုက်ဆန့်လိုက် ပြုလုပ်ခြင်းကိုခံနေရတယ်။ခလေးရနံ့ကပေါ့။ ခလေးရနံ့ကြောင့်ပေါ့။အောက်ဆီဂျင်ထက်ချစ်တယ်။ငါတိုရဲ့တစ်နေ့တာထမင်းဟင်းတွေဟာခလေးရနံ့တွေထောင်းထောင်းထလို။ငါတိုရဲ့နှလုံးသားတွေဟာလည်း ခလေးရနံ့ကြောင့်ဆတ်ဆတ်ခုန်လိုပေါ့။
#နစ်ခ်
.jpg)
24 Comments
Done 🍀
ReplyDeleteDone again 🍀
DeleteDone 🍀
Delete🐳🦥
ReplyDeleteAppreciate.
Delete❤
ReplyDeleteDone💕
ReplyDeleteDone ✔
ReplyDeleteအနာဂတ်
ReplyDeleteရနံ့
ReplyDelete💛
ReplyDelete💜
Delete72323
Delete72723
Delete7823
Delete111323💛
DeleteAppreciate.
ReplyDeleteFighting
ReplyDeleteတံခါးပေါက်ပေါ်က မီးသွေးနဲ့ခြစ်ထားတဲ့ ၀ လုံးလေးတွေနောက်မှာ ခလေးရနံ့ရတယ်။
ReplyDeletedone :)
ReplyDeleteDone
ReplyDeleteGood luck
ခလေးရနံ့များထွန်းကားစေ
ReplyDeleteအာဏာရှင် အမြစ်ပြုတ်စေ
😊😊😊
ReplyDeleteDone
ReplyDelete