တောမခိုဖြစ်သူ အပြစ်သားတဦးရဲ့ သိမ်ငယ်စိတ်
နာရေးတခုခုကို သွားဖြစ်တိုင်း ငါ့မျက်နှာကို ဘယ်နားထားရမှန်း အခုထိ မသိသေးဘူး။ မိုးအေးအေးထဲ တသက်လုံး လုံလုံခြုံခြုံ စောင်ခြုံကွေးခဲ့ပြီး အခုမှ စစ်ဘေးရှောင်တွေကို စာနာနေမိတဲ့ ငါတို။ သူကတော့ ခြေသည်းကြားထဲက ဂျီးတွေကို ကလော်ပြီး မက်မက်စက်စက် ရှူကြည့်နေတော့တာပဲ။
ကျန်ရစ်သူဇနီးရဲ့ မိုးရွာပြီးစ မျက်နှာကို ကူငွေပိုက်ဆံနဲ့သာ ကွယ်ထားလိုက်ချင်ရဲ့။ သူ့မှာ လူမမယ်ကလေးနှစ်ယောက်ကျန်ခဲ့တယ် ငါတို မောင်နှမနှစ်ယောက်။ တောတွင်းစခန်းမှာ မာမားခေါက်ဆွဲပြုတ်စားပြီး မေ့မေ့ကို သတိရနေတယ်ဆိုတာ မရီရတဲ့ ဟာသပဲ။ အဲ့ဒီ မရီရတဲ့ဟာသတွေကိုပဲ ငါတို ရီနေကြတာ အဖန်ငါးရာ ငါးကမ္ဘာ တိုများရိုးရာပေါ့။ ခေါင်းကို ဓါတ်ဗူးနဲ့ ကောက်ရိုက်ပြီး မျက်လုံးကို လက်ဖက်ရည်ဇွန်းနဲ့ ကလော်ထုတ်လိုက်တာ။
အိမ်သာကမုတ်ထဲ ပြုတ်ကျတဲ့ဖုန်းကို အသည်းအသန်ကုန်းကောက်နေတုန်း အရေးပေါ်မုန်တိုင်းသတင်း ဝင်လာခြင်းပေါ့။ လူမှန်ရင် ပွင့်သောပန်းများကို ခြွေချရမယ်ဆိုတာက သမိုင်းပေး တာဝန်ဖြစ်ပြီး ညတိုင်းညတိုင်း အခန်းထောင့်က ဝိညာဉ်တခုရဲ့ လှမ်းခေါ်ခြင်းကို ကြားရတာကလည်း ပွင့်မြဲ ဓမ္မတာမွှေးရနံ့ပေါ့။ အဲ့ဒီအခန်းထောင့်က ဝိညာဉ်ဆိုတာလည်း အရွယ်မရောက်သေးခင် မုဒိမ်းကျင့် သတ်ဖြတ်ခံလိုက်ရတဲ့ ငါ့ညီမလေးပေါ့။ သင်ကတော့ လက်ကောက်ဝတ်ကို ဓါးနဲ့ မလှီးနိုင်သေးလို မျက်နှာကို ဓါးနဲ့ အရင်မွှန်းနေသူပေါ့။
ငါတိုဟာ အစိုးရအဆက်ဆက် ဆားပတ်လို ထွန့်ထွန့်လူးနေရတဲ့ တီကောင်အထွေးကြီးတွေပါပဲ။ သင် ရေပိုက်ခေါင်းကို ဖွင့်လိုက်တဲ့အချိန်မှာပဲ တနေရာမှာ လူတယောက်ဟာ Heat Stroke နဲ့ သေသွားတာ ဖြစ်ပါတယ်။ နေရာတိုင်းမှာတော့ ‘အချိန်တန်ရင် ပြီးသွားမှာ’ဆိုတဲ့ ဗုံးတွေ ပေါက်နေတယ်လေ။ အချိန်တန်ရင်တော့ ငါလည်း တမိသားစုလုံးကို နှိပ်စက် သတ်ဖြတ်ပြီးသား ဖြစ်သွားမှာပါ။ ခေတ်ပြောင်းခေတ်လွှဆိုတာ ဒီလိုပေါ့၊ စစ်ပြေးအမေတယောက် ဘိန်းထိုးရင်း ကလေးနိုတိုက်နေတာကနေ အခုတော့ သေနတ်လွယ်ရင်း နိုတိုက်နေတာပဲပေါ့။
#ရှိန်ဝါ
.jpg)
9 Comments
Done 🍀
ReplyDeleteDone again 🍀
Delete😔
ReplyDelete😪
ReplyDeleteWheel............dope.🏹🏹🏹
ReplyDeleteလေးလံလိုက်တာ
ReplyDelete😔
ReplyDeleteAppreciate.
ReplyDeleteရင်ထဲခံစားရပါ၏။
ReplyDelete