- ရီရီစိုးထက် ပိုရက်စက်တဲ့ ယောက်ျားတစ်ယောက်ရဲ့ အချစ်ကဗျာတစ်ပုဒ် -
ကိုယ်တကယ်လိုချင်တာက ၂ စက္ကန့်စာလောက်ပဲ ကြာမြင့်မယ့် နာကျင်မှု
ဒါမှမဟုတ် ဘယ်ဘုံဘယ်ဘဝရောက်ရောက် ပေါက်ထွက်မသွားမယ့် ဘရိတ်တစ်စုံ
လူတိုင်းဟာ အရှစ်နဲ့ ကြုံနိုင်ပါတယ်၊ ချ နဲ့ ရှ မကွဲရင်တောင်မှပေါ့
ဒါပေမဲ့ ဒီစကားဟာ (ကိုယ့်ရဲ့)အတွေ့အကြုံကနေလာတဲ့ စကားတော့ မဟုတ်ဘူး
ဝမ်းနည်းရပါတယ်၊ ဇာတ်လမ်းတွေနောက်လိုက်ရင်း ကိုယ်တိုင်ဇာတ်လမ်းဖြစ်သွားရသူတစ်ယောက်လို
ဘယ်သောင်ဘယ်ကမ်းကို ခေါ်ဆောင်သွားမယ်မှန်းမသိတဲ့ ရေစီးနောက်လိုက်ခဲ့၊ ဆင်သေကောင်ဖြစ်ခဲ့၊ ထိုးသုတ် ကုတ်ခြစ် ဖဲ့ယူခြင်းကို ခံရခဲ့၊ တစ်စစီ ဖြစ်ခဲ့၊ မင်းကို ချစ်ခဲ့၊ ပြန်လည်တပ်ဆင်တည်ဆောက်ခဲ့၊ ကျီးမဲတစ်ကောင်ဖြစ်ခဲ့၊ ထိုးသုတ် ကုတ်ခြစ် ဖဲ့ယူခဲ့၊ ရေကိုဆန်တက်ခဲ့၊ မင်းကို ရှစ်ခဲ့
မိန်းမတစ်ယောက်ယောက်ထံက သင်ထွက်သွားမိချိန်တိုင်းမှာ
သင့်နောက်ကို ထပ်ကြပ်မကွာ လိုက်ပါလာမယ့် မှတ်ဉာဏ်ရဲ့ မွှေးရနံ့နဲ့အတူ
လောကသုံးပါးလုံးစလုံးကို ပြန့်ကျဲသွားမယ့် သင့်ရဲ့တစ်သားတည်းဖြစ်မှု
မိန်းမတစ်ယောက်ယောက်ကို သင်ချန်ထားခဲ့ရချိန်တွေမှာတော့
လမ်းခရီးမှာ သင့်ကို စောင့်ရှောက်မယ့် နောက်လိုက်တစ်ယောက်ယောက်နဲ့ မြင်းတစ်ကောင်
ပြီး၊ မမျှော်လင့်ထားတဲ့ ထောင့်ကနေ ဝင်ရောက်လာမယ့် အပျောက်ကန်ချက်
ရက်စက်တယ်လို့ သင်စိတ်ရှိသလောက် အော်ဟစ်သီကြွေးလို့ရပါတယ်
ဒါပေမဲ့ ရက်စက်သူဟာ သင်ကိုယ်တိုင်လည်း ဖြစ်နေနိုင်တယ်ဆိုတာကို သိနေပေးဖို့ပါပဲ။
- ဆစ်ခ်
Oct 26, 2022
.jpg)
4 Comments
🍁
ReplyDelete❤
ReplyDelete
ReplyDeleteကိုယ်တကယ်လိုချင်တာက ၂ စက္ကန့်စာလောက်ပဲ ကြာမြင့်မယ့် နာကျင်မှု
ဒါမှမဟုတ် ဘယ်ဘုံဘယ်ဘဝရောက်ရောက် ပေါက်ထွက်မသွားမယ့် ဘရိတ်တစ်စုံ
🍀
ReplyDelete