အချစ်ကဗျာ (၇)

နေရောင်နဲ့ ရတဲ့

အရိပ်လေးဟာ ပြုံးနေပေမယ့်

မီးရောင်နဲ့ ရတဲ့

အရိပ်လေးဟာ မျက်ရည်တွေ ဝဲလို

ဂုဏ်သိက္ခာရှိတဲ့ မီးတောင်ဟာ

ခဏခဏမပေါက်ဘူး

မရှိတဲ့အရာဟာ

ခဏခဏမပျောက်တော့ဘူး

လူနာတင်ယာဉ်တွေလည်း

အသက်လု မောင်းရတာပဲ

ဖွင့်ထားတဲ့ ပန်ကာရှေ့ က

ပုရွက်ဆိတ်အုံကို တံမြက်စည်းလှဲရသလိုပဲ

ဘယ်တော့မှ မတည်ငြိမ်နိုင်ဘူး

မျက်လုံးကတော့ နှစ်ဖက်ပါကွယ်

မင်းတယောက်ပဲ မြင်ရတယ်။


#နေမြဲ