ကြေကွဲကြောင်
•••••••••••••••••••
ငါ့အမြှီးဖျားလေးခတ်ခတ်ပြီး
အဝတ်ဟောင်းခြင်းထဲက ခေတ်ကြီးတစ်ခုလုံး
မင်း တစ်ခစ်ခစ်ရီဖို့
မင်းကို လက်ဆောင်ပေးခဲ့၊ မင်းက
ဗီရိုအမိုးပေါ်မှာ အဂ်ါဂြိုဟ်ရှိတယ်ဆိုတော့
ငါက အီလွန်မာ့ခ်နဲ့ ဆွေးနွေးခဲ့ရ
အမွှေးအကြားလေးဟာ
တစ်သွေးတစ်သားပါပဲ
ခုတော့ ဝေးသွားကြရပြီ၊
အိမ်ရှေ့ဆက်တီခုံအောက် ဘယ်ကရောက်လာမှန်းမသိတဲ့
ငှက်မွှေးလေးလို
ငါ့မှာ လွင့်ရ ပါးရ လွင့်ပါးရပေါ့
အလွဲလွဲအချော်ချော် ငါမပျော်တော့ဘူးအချစ်
ဝရံတာ အပြင်မှာဘာရှိမလဲ
ညကြီးသန်းခေါင်
ငါ ကြယ်တွေကိုယောင်ပြီးကြည့်မိပြီ။
- Aမွန်
.jpg)
9 Comments
မင်းရဲ့ညောက်လေး😺
ReplyDelete😇😇😇😇😇😇😇
ReplyDeleteDone 🍀
ReplyDelete❤️
ReplyDelete💔😿
ReplyDeleteငှက်မွှေးလေးလို
ReplyDeleteငါ့မှာ လွင့်ရ ပါးရ လွင့်ပါးရပေါ့
အလွဲလွဲအချော်ချော် ငါမပျော်တော့ဘူးအချစ်
Wheel............dope.🏹🏹🏹
ReplyDeleteခံစားတတ်တဲ့နှလုံးသာရှိတဲ့သူတွေ.
ReplyDelete.......
Fighting
ReplyDelete