20-Second Timer
Time remaining: 20


" မနေ့က ပုံပြင် "


ကျေးလက်ဟာသလောက်မှ 

မပြောင်မြောက်တဲ့ လူ

ဘယ်ဘူတာရုံကမှ သူ့ကို မယူဘူး ။


လမ်းမှာ ...

သူ့ကို ကျောပေးထားတဲ့ 

ဂျစ်ပစီ ဖဲတချပ်နဲ့ ဆုံခဲ့ပါရဲ့

ဘာအပွင့်လဲလို သိချင်တာတောင်

လှန်မကြည့်ရဲခဲ့ဘူး ။


ပြန်ကြစို´လို 

ကိုယ့်ကိုယ်ကိုယ် လှမ်းပြောရတာ

အားနာတယ် ။


အဲဒီလို ...

လဝန်းရနံ့တွေ မလင်းမညိုနဲ့

မြိုတော်ဆီပြန်အဝင်

မြူ ခြေတွေဆိုင်း ပြာလဲ့လဲ့မှိင်း နေတဲ့

တခါတုန်းက " ဆောင်း´" ကို

မြင်လိုက်တယ် ။ 

#တာရာမင်းဝေ