ချာတိတ်
ငါတိုဟာ ကျောင်းတတ်ခေါင်းလောင်းမထိုးခင် ဆယ့်ငါးမိနစ်အလိုကတည်းက
ကျောင်းစိမ်းထမိန်ပေါ်က ငါတိုရဲ့ သွေးပြန်ကြောတွေကို
နေ့စဉ်ကြည့်ပြီး ရင်ခုန်ပြီး
လူပျိုဖော်ဝင်ခဲ့ ။
သိပ်မကြာပါဘူး
စော်တစ်ဗွေရလာတယ်
သိပ်မကြာပါဘူး ပြန်ပြတ်သွားတယ်
ငါတိုဟာ အကြည့်တွေမှာသာ
လျှိဝှက်ရက်စက်နေတာ
တကယ်တမ်း
ကိုယ်ကာယသွေးပူလေ့ကျင့်ခန်းတွေလုပ်ရမယ်ဆိုတော့ ထုံလို အ လို
တကယ့်ကို စောက် တုံး စောက်အ တွေ..
ဉာဏ်ကောင်းရဲ့သားနဲ့ ဒိုးယိုပေါက်လို တဟောဟောကျလာတဲ့
ကျူရှင်ကမေးခွန်းတွေကြောင့်
ငါတိုဟာ ငါတိုဦးနှောက်ကို
ကျူရှင်လခတွေနဲ့စစ်တိုက်ခိုင်းခဲ့ကြတာ
အဲ့ဒိအချိန်ကတည်းက ငါတိုဟာ တော်လှန်ရေးစိတ်ဝင်ပြီး
ချေဂွေဗားရားတစ်ပိုင်း
ဆရာစံတစ်ပိုင်းနဲ့
တစ်လုံးလဲပြည့်ရော ဖင်တွေထောင်လို ။
အေးပေါ့ ငါတို မုန့်ဖိုးတွေစုပြီး
သောက်ခဲ့ကြတာ ၉၀၀ တန် ရှန်ပိန် စောက် စုတ် တွေမိုပေါ့။
လပတ်စာမေးပွဲတွေတိုင်း ရလာတဲ့အမှတ်တွေက
အောင်မှတ်သာသာပဲ
ကျေနပ်ပါတယ်
ငါတိုကျေနပ်ခဲ့တယ်
အင်္ဂလိပ်စာသင်နေတဲ့အချိန်မှာ
သင်နေတဲ့ဆရာမက
မြန်မာလိုပြောနေသ၍
ငါတိုက ဆက်ပြီးကျေနပ်နေရဦးမှာ ။
ဘရွန်ချက်လား ဒိုင်လား
အာသိန်းလား သခွားလားတဲ့
စနစ်အစုတ်အပြတ်ကို စိတ်ကုန်ပြီး ကျောင်းအစောကြီးထွက်သွားတဲ့ကောင်တွေက မေးလာတယ်
ငါတိုကလဲ အိုခေပဲလေ
အကုန် on တယ် ။
သီချင်းနဲ့ဂျင်းန်ပင် ကို အိမ်တစ်လုံးဆောက်ပေးပြီး
မိုးတွေရွာလာရင် ဒီအိမ်လေးထဲမှာမိုးခိုရ
ကဖိန်းဓာတ်ပါတဲ့ ကော်ဖီကို စွဲလမ်းရ
ဆေးလိပ်ကို ဖင်ဆီခံပူလာတဲ့အထိ ဖွာရ
တောင်ခြစ်မြောက်ခြစ် ခြစ်ပြီး
ခဲဖျက်မလိုခဲ့တဲ့ ပန်းချီကားတွေကို
ချစ်ရ နှစ်သက်ရ
ခေါက်ထီးလေးအောက်က
မိုးရေစိုနေတဲ့ ဆံနွယ်စလေးတွေကို
ပုံဖော်စိတ်ကူးယဉ်ရ
ငါတိုဟာ မစ္စတာဂျင်းန်ရဲ့
ရွက်ဖျင်စကို ဦးခိုက်နေတဲ့သူတွေအဖြစ်
ကမ်းမမြင် လမ်းမမြင် လွင့်ခဲ့ကြ ။
အဲ့ဒိကာလတွေမှာ မိုးချုန်းသံတွေက
ငါတိုရဲ့ နှလုံးသားထစ်ချုန်းရွာသွန်းမှုတွေကို ဆရာခေါ်ခဲ့ရတယ် ။
စောက်စကားများတဲ့
လူတွေကငါတိုရဲ့ ရန်သူ
ငါတိုဝတ်နေတဲ့
အတွင်းခံဆိုဒ်ကိုတောင်မသိဘဲနဲ့
ငါတိုရင်ထဲမှာ ဖြစ်တည်မှုတွေကို
သူတိုက ဆရာကြီးလုပ်နေကြတာ
တကယ့်ကို ရီစရာမပါဘဲ ရီလိုက်ရတဲ့ ဟာသအပိန်အချိုင့်တွေ ။
လူမိုက်
လူမိုက်
လူမိုက်တဲ့
ဒီလူကြီးတွေက အာချောင်ကြတယ်
ဟ ဟုတ်တယ်လေ
တစ်ခုခုကို ရူးသွပ်နေမှ
အဆင်ပြေနေမယ့်ငါတိုဟာ
ငါတိုကို လာရူးသွပ်မယ့်
ဒြပ်ရှိဒြပ်မဲ့တွေကို
ဘာတစ်ခုမှ လက်မခံ
လက်ခံမိလိုက်ရင်
ငါတိုကိုယ်တိုင် အကြော်မပါဘဲ
အလွတ်ကြီး ရူးသွားမှာ ။
ဆက်ပြောဦးမယ် ...
#ဗာဂို
.jpg)
3 Comments
❤❤
ReplyDeletet😇😇😇😇😇😇😇
ReplyDelete💛💜
ReplyDelete