အချိန်ဟာ တိမ်တွေနဲ့အတူ ရွေ့နေမယ်။

ပြီးတော့ မှတ်ဉာဏ်တွေဟာ အငွေ့ပျံလာမယ်။မင်းရဲ့မျက်နှာကို ငါ့စိတ်အာရုံထဲမှာ ဖော်ကြည့်ဖို့တောင်ခက်ခဲလာမယ်။ 

မင်းဖုန်းနံပါတ်ကို ငါအလွတ်မရနိုင်တော့ဘူး။ မင်းအသံနဲ့တူတဲ့အသံကြားရရင် ငါလှည့်မကြည့်ဖြစ်တော့ဘူး။ ကောင်းကင်တစ်ခုတည်းအောက် အတူတူရှိနေတယ်ဆိုတာကလွဲလို့ ငါတို့ဆုံစရာအကြောင်းတွေ ငါရှာမနေတော့ဘူး။

နောက်ဆုံးတော့ အေးနေတဲ့ကော်ဖီကို ကြိတ်မှိတ်မျိုချပြီး အိပ်ယာပေါ်လှဲချလိုက်မယ်။မာနတစ်ခုအတွက် ဆုံးရှုံးစရာတွေအများကြီးပေါ့။

ငါမင်းကိုသတိရပါတယ်။ဒါပေမယ့် အဲ့အကြောင်း ဘယ်တော့မှ ပြောဖြစ်တော့မှာမဟုတ်။


-ဆပ်ရိပ်