Third person 


တတိယမြောက် ကမ္ဘာစစ် 

တတိယမြောက် အကြောင်းအရာ 

တတိယမြောက် အတွေး 

တတိယမြောက် လူ 

သုံးနားညီတြိဂံက တတိယမြောက် ထောင့် 

တတိယမြောက် ပန်းဝင်သွားတဲ့ အပြေးသမားတစ်ယောက် 

လေလံပွဲတစ်ခုမှာ သုံး(၃) ဆိုတဲ့ ကိန်းဂဏန်းကို 

သုံးကြိမ်မြောက် ကိုင်မြှောက်ပြ 

တတိယဆုရသူရဲ့ တတိယဦးနှောက်နဲ့အာရုံကြောလမ်း 

တတိယမြောက် အတွေးအခေါ် ... 


သေသွားရင်ကောင်းမယ်လို့တွေးပြီး 

ကိုယ့်ကိုကိုယ် သတ် သေ ခဲ့ဖူးတာ သုံးကြိမ်

အဲ့ဒိလို သေကြောင်းကြံစည်မှုမှာ 

"မင်း အသက်ရှင်ရဦးမယ်" လို့ တားမြစ်ခံခဲ့ရတာက သုံးကြိမ် 


ဘဲစားဘဲချေပဲ ။ 


သိစိတ်နဲ့မသိစိတ်လွန်ဆွဲ 

ကောင်းစိတ်နဲ့မကောင်းစိတ်အားပြိုင်

တတိယမြောက်အကြိမ်မှာ ငါလွတ်မြောက်တယ် ။ 


အမြဲတမ်းလိုလို တတိယနေရာမှာဖြစ်နေတဲ့ လူငယ် 

ဘာများ ပိုထူးလာသလဲ 

နှစ်သိမ့်ဆုပဲ ယူလိုက်တော့မယ် ။ 

                                                              ဗာဂို