အချစ်
အစားအစာတွေမှာ
အာဟာရ ရှိတယ်
လိမ္မာပါးနပ်မှုရှိတယ်
မြင့်မြတ်တဲ့လုပ်အားတွေရှိတယ်။
အဝတ်အထည်မှာ
ယဉ်ကျေးမှုရှိတယ်
သွေးဆောင်ဖျားယောင်းမှုရှိတယ်
ပြောင်းလဲတဲ့အဘိဓမ္မာရှိတယ်
အိမ်တွေမှာ
တည်ငြိမ်တဲ့အလင်းရှိတယ်
သန့်ရှင်းတဲ့ဂီတရှိတယ်
သေခြင်းတရားလည်းရှိတယ်။
သူမမှာ
နာရီတစ်လုံးရှိတယ်။
ကျွန်တော့်မှာ ဖျာတစ်ချပ်ရှိတယ်။
သူမနဲ့
ကျွန်တော်ရဲ့ကြားထဲမှာ
အသက်ရှုကျပ်နေတဲ့ ကမ္ဘာကြီးရှိတယ်။
လှသန်း
ရုပ်ရှင်တေးကဗျာ
၁၉၈၉
.jpg)
12 Comments
❤❤
ReplyDelete❤️
ReplyDelete🥰🥰
ReplyDelete🕊️🤗
ReplyDeleteသူမနဲ့
ReplyDeleteကျွန်တော်ရဲ့ကြား ထဲမှာ
အသက်ရှုကျပ်နေတဲ့ကမ္ဘာကြီးရှိတယ်
This comment has been removed by the author.
Delete102423💛
Delete11323💛
Delete111323💛
DeleteDone 🍀
ReplyDeleteသူမနဲ့
ReplyDeleteကျွန်တော်ရဲ့ကြားထဲမှာ
အသက်ရှုကျပ်နေတဲ့ ကမ္ဘာကြီးရှိတယ်
အိမ်တွေမှာ
ReplyDeleteတည်ငြိမ်တဲ့အလင်းရှိတယ်
သန့်ရှင်းတဲ့ဂီတရှိတယ်
သေခြင်းတရားလည်းရှိတယ်။