အချစ် 


အစားအစာတွေမှာ

အာဟာရ  ရှိတယ်

လိမ္မာပါးနပ်မှုရှိတယ်

မြင့်မြတ်တဲ့လုပ်အားတွေရှိတယ်။ 


အဝတ်အထည်မှာ

ယဉ်ကျေးမှုရှိတယ်

သွေးဆောင်ဖျားယောင်းမှုရှိတယ်

ပြောင်းလဲတဲ့အဘိဓမ္မာရှိတယ်


အိမ်တွေမှာ

တည်ငြိမ်တဲ့အလင်းရှိတယ်

သန့်ရှင်းတဲ့ဂီတရှိတယ်

သေခြင်းတရားလည်းရှိတယ်။ 


သူမမှာ

နာရီတစ်လုံးရှိတယ်။ 

ကျွန်တော့်မှာ  ဖျာတစ်ချပ်ရှိတယ်။ 

သူမနဲ့

ကျွန်တော်ရဲ့ကြားထဲမှာ

အသက်ရှုကျပ်နေတဲ့  ကမ္ဘာကြီးရှိတယ်။ 


လှသန်း

ရုပ်ရှင်တေးကဗျာ

၁၉၈၉