_ အမှောင်ခေတ်ထဲက သားအမိတွေ _


အကျဉ်းထောင်ထဲမှာ

မတရား နှိပ်စက် သတ်ဖြတ်ခံရလို့

ကျဆုံးကွယ်လွန်သွားတဲ့ သားတစ်ယောက်ကို

သတိရတဲ့အခါ

အမေဖြစ်သူဟာ မျက်ရည်နဲ့ လုပ်ထားတဲ့

သားရဲ့အလံကို ဘုရားစင်ပေါ်က ယူပြီး

သူ့အိမ် ခြံစည်းရိုးမှာ ဖြန့်ခင်းထားခဲ့တယ်


အဝေးတစ်နေရာကနေ

သက်ရှိထင်ရှားမိခင်ကို သတိနေတဲ့ 

သားတစ်ယောက်ကတော့

သေနတ်တစ်လက်ကို အနာဂတ်တစ်ခုလို

ပွတ်သတ်နေခဲ့တယ် ။ ။


                                   မောင်ရေချမ်း