ဂရေ့စ်


သေတဲ့သူက တစ်ခါပဲသေတယ်

ရှင်သန်သူကတော့ သတိရတိုင်းသေဆုံးနေရတယ်

(ဒါမှမဟုတ်လည်း)

သတိရရင်း ရှင်သန်နေရတယ်။


ဒီနှစ်ပိုင်းတွေမှာ ငါ့ခေါင်းကိုသူတို့ရိုက်ခဲ့တယ်

ငါ့နားထင်ကို သေနတ်နဲ့တေ့ထားခဲ့တယ် 

ငါ့လည်မျိုကိုဓားနဲ့ထောက်ထားခဲ့တယ်

ငါမငိုဘူး ငါ့အသံတုနမြနဘေူး။


ငါ့အမြဲစိတ်ကူးက

လူတွေရှေ့ ငိုချဖို့ထက်

လူတွေရှေ့ သေပြဖို့ပဲ

ဒါပေမယ့် မင်းဆုံးတဲ့ညက ငါမျက်ရည်ကျတယ်

မျက်ရည်ဟာ ကျဖို့ထိုက်တန်တဲ့သူအတွက်ဖြစ်ခဲ့ရင်

ဘယ်တော့မှပျော့ညံ့ခြင်းမဖြစ်။


ငါကယောင်္ကျားဆိုတော့

တစ်ကိုယ်တည်းရှိတော့မှ မင်းနာမည်ကိုရေရွတ်ရတယ်

"ကြားလား ဂရေ့စ်"

မင်းကိုပစ်တဲ့ကျည်ဆန်ဟာ

ငါ့ကိုလည်းထိခဲ့တယ်

ငါ့မှတ်ဥာဏ်မှာ စိုက်နေတယ်


မြင်းမွေးပြီး မင်းနာမည်ပေးတယ်

အပင်တစ်ပင်စိုက်ပြီး မင်းနာမည်ပေးတယ်

ငါရှင်သန်နေသရွေ့တော့

မင်းလည်း ဘယ်တော့မှမသေဆုံးပါဘူး

ငါ့စိတ်ထဲမှာ

အမြဲတမ်း


မသေသရွေ့တော့ ရှင်သန်နေရုံပေါ့

ငါသေဆုံးသွားတဲ့နေ့ကျမှ

ဘဝတစ်ပါးမှာ ဆေးလိပ်အတူခဲရင်း

မင်းနှုတ်ခမ်းကို အရင်လာနမ်းဦးမယ် အချစ်ရယ်။


#ဆပ်ရိပ်