လူတယောက်ဆေးလိပ် စသောက်တယ်ဆိုတာ
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အဓိက က သတိတရခံတွင်းချဥ်တာ
ဘာလုပ်လုပ် ဘာစားစား တခုခုလိုနေတာက စ တာပဲ
အဲဒီအရာဟာ တယောက်ယောက်ကို လွမ်းနေတာမျိုးပေါ့
အထူးသဖြင့် မိုးတွေရွာရင်ပိုဆိုး
လူက ဂယောက်ခြောက်ခြားနဲ့ ထိတွေ့ဖူးတဲ့ရနံ့တွေကိုရှာ
တခါတလေ ပစ်ထားမိတဲ့ အတိုအစလေးများ ရှိဦးမလားလို့
ကိုယ့်ရဲ့ဝေဒနါတွေကို ပြန်ပြီးတူးဖော်
လက်မှာစွဲငြိနေတဲ့ အဲဒီနူးအိရနံ့
မှတ်မိသေးတယ်
သူမရဲ့နှုတ်ခမ်းနဲ့ထိပြီး ငါဟာ ပြာလိုကြွေချခဲ့တာကို
အငွေ့တွေထဲမှာ ဘယ်လောက်မွန်းကျပ်ပါစေ
ငါတောင့်တတဲ့ ရယ်သံမျိုးရရှိတဲ့အခါ
တချက်ခြစ်လိုက်တိုင်း ပူလောင်မှုတွေ ဒဏ်တွေ
ဘာနာကျင်မှုမှ မှတ်ညာဏ်မှာ မရှိတော့ဘူး
စွဲလမ်းစေမှုကို ပြန်စွဲလမ်းစေတဲ့ စွဲလမ်းမှုမျိုး
ပြီးတော့ မသိစိတ်ဆိုတာကို သိနေတဲ့သိစိတ်နဲ့
စောက်ပိုတွေရေးပြီး၊ ဘာသာစကားသက်သက်
တောင့်တမိနေတာ ဖြစ်မှာလည်း စိုးရိမ်မိတယ်
နောက်တခုက
ဝီစကီဟာ တကယ်ပဲ ဆေးလိပ်နဲ့လိုက်ဖက်နေတာ
အများဆုံးကတော့ သောက်ပြီးအခြေအနေမှာ
ပိုမိုသတိရမိတာပဲ၊ ချောက်ကြီးထဲခုန်ဆင်းသွားချိန်အထိ သတိရနေတာပဲ
သေမယ့်အချိန်ကို ကြိုသိနေတဲ့လူတယောက်က
တကြိမ်လောက်ရှိုက်ဖို့ အခွင့်အရေး
မရမက ရှာဖွေနေမိတော့တာပဲ
ဒီလိုကျေနပ်စေမှုကို ဆေးလိပ်ကပဲ ရလိမ့်မယ်လို့
မျော်လင့်နေမိတဲ့အထိ ။
#အမ်ဂျီသာယာ
.jpg)
7 Comments
ဘယ်သူ့ကို သတိရမှန်းမသိတော့ဘူး
ReplyDelete🤎
ReplyDelete🤨
ReplyDeleteသတိရတယ်😌
ReplyDeleteသတိရခြင်းနဲ့ တမ်းတမိခြင်းဟာ စီးကရက်နဲ့ ဝီစကီလို လိုက်ဖက်နေတော့တာမျိုး...
ReplyDeleteNever Give Up
ReplyDelete💛💜
ReplyDelete