ခင်ဟာ
မောင့်ရဲ့မျက်မှန်ကလေးပါ။
ခင်မရှိရင်
မောင်ဘာကိုမှ
ပြတ်ပြတ်သားသား ဝေမခွဲနိုင်ဘူးကွယ်။
ခင်ဟာ
မောင့်ရဲ့နာရီကလေးပါ။
ခင်မရှိရင်
မောင်ဘာကိုမှ
တိတိကျကျ မမှန်းဆနိုင်ဘူးကွယ်။
ခင်ဟာ
မောင့်ရဲ့ဖောင်တိန်ကလေးပါ။
ခင်မရှိရင်
မောင်...
အလုပ်မလုပ်နိုင်ဘူးကွယ်။
ခင်ဟာ
မောင့်ရဲ့စာအုပ်တွေပါ။
ခင်မရှိရင်
မောင်...
အားငယ်တယ်ကွယ်။
ခင်ထွက်သွားတဲ့နေ့ကစပြီး
မျက်စိသူငယ် နားသူငယ်
ကျန်ရစ်ခဲ့တဲ့မောင့်ကို
ညှာတာထောက်ထားတယ်ဆိုရင်
အချိန်မနှောင်းမီ ပြန်လှည့်ခဲ့ပါချစ်သူ။
-မင်းလူ

6 Comments
ခင်ဟာ
ReplyDeleteမောင့်ရဲ့မျက်မှန်ကလေးပါ။
ခင်မရှိရင်
မောင်ဘာကိုမှ
ပြတ်ပြတ်သားသား ဝေမခွဲနိုင်ဘူးကွယ်။
မျက်မှန်နဲ့ဆို အသေကြွေတာ😁
ReplyDeleteထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်
ReplyDeleteမယုတ်မလွန်တဲ့ကြိုးစားမှုတော့စိုကရမယ် နတ်စီတဲ့အိမ်မက်လှလှများလွယ်လွယ်နဲ့မရ.......
ခင်ဟာ မောင့်ရဲ့
ReplyDeleteစာအုပ်တွေပါ
ခင်မရှိရင်
မောင်အားငယ်တယ်ကွယ်
Fighting
ReplyDeleteI like this poem.
ခင်ဟာ မောင့်ရဲ့ ...
ReplyDelete