ဇာတ်ထုပ်များကို နားထောင်ခြင်း

------------------------------------------------


ရွှေကျီးညိုနဲ့ ပဲခူးမြ

ရွှေမန်းတင်မောင်နဲ့ အောင်သန်းတင်

ပန်တျာကြည်လင်နဲ့ ပန်တျာတင်တင်မြင့်

သူတို့ရဲ့ အသံသွင်းဇာတ်ထုပ်တွေ နားထောင်ပြီး

အံ့အားသင့်ရတယ်


သူတို့ရဲ့ အပြော အဆို အငို အလွမ်း

အို... ဆန်းကြယ်လှပါရဲ့


သူတို့ရဲ့ ပါဖောမင့်ကို မြင်ယောင်မိတယ်

သူတို့ရဲ့ အိပ်စ်ပရက်ရှင်းကို လေးစားမိတယ်

သူတို့ရဲ့ မိုနိုလော့ဂ်တွေ ဒိုင်ယာလော့ဂ်တွေကို

သဘောကျမိတယ်


ဗုဒ္ဓဘာသာ ယဥ်ကျေးမှုအတွက်

သူတို့ရဲ့ ရင်းနှီးမြှုပ်နှံ ပါဝင်မှုကို

ဦးညွှတ်မိပါရဲ့ ။       ။


-လှသန်း