လူပေါင်းမှားခြင်း

--------------------------


ဒေးဗစ်ဘိုဝီက

ကမ္ဘာကြီးကို ရောင်းစားမလို့တဲ့

ကတ်ကိုဘိန်းကလည်း

ကမ္ဘာကြီးကို ရောင်းစားမလို့တဲ့

အဲရစ်ကလက်ပ်တန်က

ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်တဲ့

ဘော့ဒိုင်လန်ကလည်း

ကမ္ဘာကြီးကို ပြောင်းလဲချင်တယ်တဲ့

ဂျွန်လင်နွန်ကလည်း

ကမ္ဘာကြီးကိုပြောင်းလဲချင်တယ်တဲ့


အမေရေ...

ကျွန်တော် လူပေါင်း မှားခဲ့တယ် ။      ။


-လှသန်း