ဇယ်ရာ
ခံစားတပ်မက်ပြီးမှ ချရေးခဲ့ရတဲ့ သိက္ခာတွေပါ
မင်းဟာ အခုတော့ မင်းအသည်းကို မင်းပြန်စားနေပေါ့ ...
နွေလည်ခေါင်မှာ ရေခဲကို စိတ်ဝင်စားချင်သူတစ်ယောက်အဖို့
ငါဟာလည်း ငါ့အိပ်ရေးပျက်ညတွေထဲမှာ
ငါ့ကိုယ်ငါအိပ်ငွေ့ချဖို့အတွက် ရေတွက်စရာတွေ ရလာတယ် ။
ဇယ်ရာ ... အဲ့ဒါမင်းပဲ ။
ဇယ်ရာပြီးရင် ဇယ်ရာ
ဇယ်ရာ မလာခင် ဇယ်ရာ
ဇယ်ရာထွက်မသွားခင် ဇယ်ရာ
ဇယ်ရာ ထွက်သွားတော့လည်း ဇယ်ရာ
ဇယ်ရာဆိုတဲ့ စိတ်နဲ့ မီးခိုးတိတ်ပူဆွေးခဲ့ရ ။
ချစ်သောမုန်းစကားတွေ အများကြီးပြောခဲ့ပြီး
မမုန်းသောချစ်စကားတွေ ဘာ့ကြောင့်မပြောခဲ့ရ ဆိုတဲ့ အတွေးတွေက
ကော်ဖီတွေတောင် အေးတယ် ။
ပုဂ္ဂလိကပိုင်အဆင့်မှီ ကျင်ငယ်ရေစွန့်ကြွေခွက်ထဲကို
ဆေးလိပ်ပြာတွေ ခြွေထည့်လိုက်ရတဲ့ အရသာဟာ
အန္တရာယ်များသလို ချိုမြန်ရဲ့ ။
ဟိုအရင်တစ်ခါက
မင်း နှစ်သက်ခဲ့ပါတယ်ဆိုတဲ့ စီးကရက်ကိုယ်သင်းရနံ့လေး
အခု အသက်ရှူကျပ်နေတယ် ဇယ်ရာ ။
ဗာဂို

3 Comments
done
ReplyDeleteဇယ်ရာ❤
ReplyDeleteထိုက်တန်တဲ့ရင်းနှီးမှုတော့ရှိရမယ်
ReplyDeleteမယုတ်မလွန်တဲ့ကြိုးစားမှုတော့စိုက်ရမယ် နတ်စီတဲ့အိမ်မက်လှလှများလွယ်လွယ်နဲ့မရ..........