ပဲ့တင်
မိုးအညို့မှာ
အိပ်တန်းပြန်တဲ့ငှက်အုပ်ကို
စိတ်နဲ့ ...
ပစ်ချကြည့်မိတယ်။
ကိုယ့်အပေါ်အကုသိုလ်တွေ
ဘယ်လောက်ပြုတ်ကျလာမလဲလို့။
တိုးတိုးဖော်ရယ်
စိတ်ဆိုတာ ကျယ်ပြောပြန့်ကားပေမယ့်
ရုပ်ဆိုရင်ပေါက်ကွဲထိရှလွယ်မယ်။
နံရံရှိရင်တော့
ပဲ့တင်ထပ်စမြဲမဟုတ်လား
မိုးတိမ်တွေရေ
ငါ့အော်သံတွေပြန်မလာတော့ဘူးလား
ငါ့နားတွေ လိုက်လာခဲ့ပြီ။
-ဝင်းမြင့်
.jpg)
5 Comments
❤️
ReplyDelete
ReplyDeleteကိုယ့်အပေါ်အကုသိုလ်တွေ
ဘယ်လောက်ပြုတ်ကျလာမလဲလို့။
#ဝင်းမြင့်
Nice poem ......
ReplyDelete🤩
ReplyDeleteနံရံရှိရင်တော့
ReplyDeleteပဲ့တင်ထပ်စမြဲမဟုတ်လား