လှေကြီးပေါ်မှာ
မယ်လမင်းခွက် ၇ ခွက် ၈ခွက်ကို ကပ်ရိုက်ထားတဲ့ ရေခဲခြစ်တစ်ခုနဲ့
ငါတို့ဘဝတွေကို ခြစ်ချလိုက်တော့
အရေမရအဖက်မ မကျေနပ်မှုတွေက တဟောဟောကျလာခဲ့တယ်
တိမ်ဖြူဖြူတွေအောက်မှာ တိမ်မဲတွေရွေ့နေတယ်ကွယ်
မုန်တိုင်းမမိခင် တံခါးတွေအလုံပိတ်ထားရမယ်
လေတွေရဲ့ လားရာလမ်းကြောင်းက မီးလောင်နေတဲ့ဆီကို ပင့်ပင့်သွားကြ
လူတွေဟာ သူတို့ကိုပဲ နားလည်ပေးစေချင်ကြ
သူတို့ကိုယ်တိုင်က သူများကို နားမလည်ပေးကြ
ကျောရိုးတည့်တည့်မှာ ချိတ်နဲ့အချိတ်ခံထားရတဲ့ ငါးဖျင်းစလက်ဆို လက်ညှိုးထောင်ပါ
ကူးခပ်နေရတာ မောနေရင် ရေပေါ်ပြန်တက်ပါ
ဒီကန်ကြီးထဲမှာ ငါတို့မျှော်လင့်ထားတဲ့အရာတွေ ဘာမှမရှိဘူး ။
ငါတို့က တကယ်ချစ်ရင်
ရေအောက်ကို ပြန်ပြန်ငုတ်မကြည့်တော့ဘူး
ငါတို့က
မက်ဆင်ဂျာမှာ အဟားခံနေရတဲ့ ငါးတွေ
ရီမောစရာ စက်ခရင်ရှော့တွေ
အဲဒိအတွက်ကြောင့် ကိုယ့်ကိုကိုယ်သတ်သေစရာမလို
ဦးနှောက်နပ်ပ်ကြောတွေ ဆိုင်းသွားရင်
သူ့အလိုလို ရေနစ်သေသွားမှာ ။
အမှောင်ဆိုတာ တကယ်မရှိဘူး
မီးထွန်းပေးမယ့်သူကသာ အိပ်ပျော်နေတာ
အိပ်ချင်ယောင်ဆောင်နေတဲ့သူတွေဟာ နှိုးရသိပ်ခက်တယ်
ဓားနဲ့မွှန်းထားတဲ့ အသားတွေကို
မီးတွေရဲ့အပေါ်တင်လိုက်တော့ အချစ်ဖြစ်သွားတယ်
ငါတို့ကို ငါတို့လွဲပြီး ကျန်တဲ့သူအားလုံးက အကင်ပဲမြင်နေ
ငါးတွေဟာ ရေမကူးနိုင်တော့ပါဘူး ။
ဗာဂို

6 Comments
🐳
ReplyDeletedone
ReplyDelete😕
ReplyDeleteမီးထွန်းပေးမဲ့သူကအိပ်ပျော်နေတာ😌
ReplyDeleteDone
ReplyDeletefighting clickers
ReplyDelete